Part 42.2

635 117 1
                                    

အခန်း ၄၂ (အပိုင်း ၂)

လက်ထောက်ကျိုးဟွေ့က သူတို့အတွက် အခန်းနှစ်ခန်းပါတဲ့အခန်းကျယ်ကြီးကို ကြိုတင် မှာထားပေးခဲ့တယ်။ အိပ်ခန်းနဲ့ဧည့်ခန်းက သီးခြားဖြစ်နေတယ်။ ဧည့်ခန်းမှာ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ မြင့်တဲ့ မှန်ပြတင်းပေါက်ကြီးတစ်ခုရှိနေတယ်။

ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ရင် အပြင်ကို လှမ်းမြင်ရပေမယ့် မြို့ထဲက တခြား အဆောက်အဦတွေက နည်းနည်းမြင့်ပြီး မပြီးသေးတာတွေလဲ ရှိနေတော့ အဆုံးအထိကို မမြင်နိုင်ဘူး။

အဲဒီနေရာတွေကို ကြည့်လိုက်ရင် မြေပြင်မှာရှိတဲ့ အရာတွေနဲ့ ဘာမှ မကွာပါဘူး။ ဖြစ်နိုင်တဲ့ တခုတည်းသောကွာခြားချက်က မြေပြင်ပေါ်မှာ နေသာနေပြီး ဒီနေရာက မီးရောင်တွေ တောက်ပနေတယ်။

ကျိုးဟွေ့နဲ့ သက်တော်စောင့်တို့က ခရီးဆောင်အိတ်တွေကို အခန်းထဲကို ယူလာပြီး နေရာချပေးပြီးတာနဲ့ သူတို့က အလိုက်တသိ ပြန်ထွက်သွားကြတယ်။ ချန်ယန်နဲ့ သူ့ရဲ့ခင်ပွန်းပဲ အခန်းထဲမှာ ကျန်နေခဲ့တယ်။

ရှဲ့ရန်က အနောက်ကနေ ချန်ယန်ဆီကို ချဉ်းကပ်သွားတယ်။ ချန်ယန်က နောက်ကို ပြန်လှည့်လာပြီး ရှဲ့ရန်ကို နွေးထွေးတဲ့ အပြုံးနဲ့ ကြည့်နေတယ်။

ရှဲ့ရန်က ချန်ယန်ကို တားဆီးလိုက်တယ်။ သူက မှန်ပြတင်းပေါက်နဲ့ သူ့လက်နှစ်ဖက်ကြားတွင် ပိတ်မိနေတဲ့ ချန်ယန်ရဲ့စိုစွတ်နေတဲ့လျှာလေးတွေပေါ်ကို သူ့နှုတ်ခမ်းတွေ တင်လိုက်တယ်။

"ဒီနေရာကို ကြိုက်လား?" ရှဲ့ရန်က ချန်ယန်ရဲ့နူးညံ့တဲ့နားရွက်လေးကို သူ့လက်ချောင်းထိပ်တွေနဲ့ ညင်ညင်သာသာ ပွတ်သပ်ပေးနေသေးတယ်။

ချန်ယန်က ဘာမှ ပြန်မပြောဘဲ သူ့ပါးစပ်ထောင့်စွန်းလေးတွေက ပိုနက်ရှိုင်းလာပြီး မျက်တောင်မခတ်ဘဲ ထိုလူကို စိုက်ကြည့်နေတယ်။

"ဒီမှာ မတွေ့ဖူးတဲ့ အရာတွေ အများကြီးရှိတယ်" ရှဲ့ရန်က ရှေ့ကို ငုံ့လာပြီး သူ့ရဲ့ ပူနွေးတဲ့ အသက်ရှုသံတွေက ချန်ယန်ရဲ့အသက်ရှုသံနဲ့ ရောယှက်သွားတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now