Part 36.1

711 139 2
                                    

အခန်း ၃၆ (အပိုင်း ၁)

ချန်ယန် မတ်တပ်ထရပ်ပြီး ထွက်သွားတော့မယ်လို့ ပြင်လိုက်ပေမယ့် အရုပ်သေးသေးလေးကို ကိုက်နေတဲ့ ကလေးလေးရဲ့မျက်လုံးကြီးတွေက လှည့်ကြည့်လာပြီး သူ့ဖေဖေ ထွက်သွားတော့မှာကို သတိထားမိသွားတယ်။ သူ့ပါးစပ်လေးက လျော့ရဲရဲလေးဖြစ်သွားပြီး ရုတ်တရက် သနားစရာကောင်းတဲ့ အမူအရာတွေ ပေါ်လာတယ်။ သူက ငိုတော့မှာ ဆိုတော့ ချန်ယန် ကလေးရှေ့မှာ ရပ်လိုက်ပြီး ကလေးလေးကို ငုံ့ကြည့်လိုက်တယ်။

"ပါးပါး မကြာခင် ပြန်လာမယ်လေ၊ စိတ်ဆိုးရဘူး"

ကောင်လေးက အဲဒါကို နားလည်နိုင်တဲ့ပုံ မပေါ်ပေမယ့် သူက နားလည်သလို ပြုမူနေတယ်။ ဘာပဲဖြစ်ဖြစ် သူ့ပါးစပ်လေးက ပြန်ပိတ်သွားတယ်။

ချန်ယန်က သူ့သားငယ်ရဲ့လက်ကလေးကို နမ်းလိုက်ပြီး ကလေးလေးက သူ့ဖေဖေရဲ့မျက်နှာကို ကုတ်ခြစ်ဖို့ သူ့လက်တွေကို အသုံးပြုနေတယ်။

ချန်ယန်က ကောင်လေးကို ထားမသွားချင်ပေမယ့် တစ်ယောက်ယောက်က အိမ်ယာအဝန်းအပြင်မှာ စောင့်နေတာကြောင့် ကလေးထိန်းဖို့ ကလေးထိန်းကို တောင်းဆိုလိုက်ရတာပါပဲ။ ပြီးတော့ သူက အပေါ်အင်္ကျီကို ထပ်ဝတ်လိုက်ပြီး သူ ကြိုတင်ပြင်ဆင်ထားတဲ့ လက်ဆောင်ကို ယူပြီး အိမ်ကနေ ထွက်လာလိုက်တယ်။

Maybach ကားတစ်စီးက အိမ်ယာဝန်းရဲ့ ပင်မဝင်ပေါက် အပြင်ဘက်တွင် ရပ်တန့်ထားပြီး လမ်းတစ်ဝက်ကိုတောင် ပိတ်ဆို့လုမတက်ဖြစ်နေတယ်။ ဖြတ်သန်းသွားနေတဲ့ လမ်းသွားလမ်းလာတွေက ကားလိုဂိုနဲ့ လိုင်စင်နံပါတ်ပြားကို တွေ့ပြီးနောက်မှာ အများစုက အမှတ်တမဲ့ လှမ်းအကဲခတ်နေကြတယ်။ လိုင်စင်နံပါတ်က 16888 ဖြစ်နေပြီး ဒီလိုင်စင်ပြားလေးတစ်ခု ရလာဖို့ ပိုက်ဆံတွေ အများကြီးကုန်လိမ့်မယ်။

ကားပြတင်းပေါက်မှန်က နိမ့်ဆင်းသွားပြီး ဇီဒန်းက သူ့ဘယ်ဘက်လက်ကို ကားပြတင်းပေါက်ဘောင်ပေါ်တင်လိုက်တယ်။ သူက အဝေးက လူအုပ်ထဲကနေ အပြင်ဘက်ကို လမ်းလျှောက်နေတဲ့သူကို လှမ်းတွေ့လိုက်တယ်။

တခြားတစ်ဖက်က ဖုန်းကို ကိုင်ထားပြီး သူ့ကို ချက်ချင်းသတိမထားမိဘူးဆိုတာ သိသာ ထင်ရှားနေတာကြောင့် ဇီဒန်းရဲ့ နှုတ်ခမ်းထောင့်တွေက အနည်းငယ် ကြွတက်လာတယ်။ သူက ချန်ယန်ကို ခေါ်ဖို့ ကားဟွန်းကိုတောင် မနှိပ်ဘဲ ဒီတိုင်း စောင့်နေလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now