Part 32.2

915 178 3
                                    

အခန်း ၃၂ (အပိုင်း ၂)


ရာသီဥတုက နွေရာသီကို ချဥ်းကပ်လာပြီး အပူချိန်က တဖြည်းဖြည်း မြင့်တက်လာတယ်။ ရှဲ့ရန်ဘက်မှာလည်း ရုတ်တရက် အလုပ်တွေ များနေခဲ့တယ်။ အရင်က သူ့ဇနီးလေးနဲ့ သားအတွက် အချိန်ဖြုန်းခဲ့တဲ့အတွက် ရွှေ့ဆိုင်းခဲ့ရတဲ့အလုပ်တွေက အများကြီးလေ။ အခု ချန်ယန်ရဲ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာပြီး ကြီးလေးတဲ့ပြဿနာမရှိတာကြောင့် သူ့ဘာသာသူ သွားလာနိုင်နေပြီဆိုတော့ ရှဲ့ရန်က အလုပ်ကို အချိန်ပိုပေးနေရတယ်။ ဒါပေမယ့် သူက လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်လေ့မရှိဘဲ အထွေအထူး လိုအပ်တာမျိုး မဟုတ်ရင် နောက်ကျမခံပဲ အိမ်ကို အမြန်သွားတက်တယ်။

ညဘက်တွေမှာ သူ့ဇနီးဖြစ်သူရဲ့နူးညံ့တဲ့ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားရတဲ့အချိန်က သူ့နှလုံးသားရဲ့အတည်ငြိမ်ဆုံး အချိန်ပဲ။ အလုပ်မှာ ပြသနာတချို့ မကြုံရဘူးလို့ မပြောနိုင်ပေမယ့် ရှဲ့ရန်က အဲ့တာတွေကို အိမ်ကို ပြန်သယ်မလာဘူး။ သူက သူ့ဇနီးနဲ့ ကလေးကို ထောက်ပံ့ဖို့ ဆန္ဒရှိပြီး ဘယ်လို အခက်အခဲတွေပဲ ရှိရှိ သူ့အတွက် ပြသနာ မဟုတ်ဘူး။

နွေရာသီက မြန်မြန်ကုန်ဆုံးသွားတာ မဟုတ်ပေမယ့် နှေးကွေးတဲ့ပုံလည်း မပေါ်ပါဘူး။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆောင်းဦးရောက်လာတယ်။ လမ်းဘေးက ဖန်းပင်တွေရဲ့အရွက်တွေက အဝါရောင်ပြောင်းလာပြီး သစ်ရွက်တွေက လေပြင်းကြောင့် လွင့်ကျလာပြီး မြေပြင်ပေါ်ကို ကြွေကျနေပြီ။

စက်တင်ဘာလတွင် ဆရာများနေ့ မတိုင်မီခင်မှာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်။ ရှဲ့ရန်ရဲ့ကုမ္ပဏီက ပိုင်ဆိုင်တဲ့ လျှပ်စစ်ပစ္စည်းအမှတ်တံဆိပ်တစ်ခုအတွက် ဖျော်ဖြေရေးနယ်ပယ်က အတော်လေးနာမည်ကြီးတဲ့ အမျိုးသမီးကြယ်ပွင့်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ဖိတ်ခေါ်ခဲ့တယ်။ အမျိုးသမီးကြယ်ပွင့်ရဲ့အဖွဲ့ထဲက လူတွေက ဘယ်လိုထင်မြင်ကြလဲတော့ မသိပေမယ့် သူတို့ဘက်က ရှဲ့ရန်နဲ့ သူမကြားမှာ အရှုပ်တော်ပုံတစ်ခု ဖန်တီးပြီး အရှိန်မြှင့်လိုက်ကြတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now