Part 22.2

995 155 3
                                    

အခန်း ၂၂ အပိုင်း ၂

ဆရာချီက ချန်ယန်အတွက် အိမ်စာတွေ ပေးထားခဲ့ပြီး နဂါးရဲ့သားကိုးကောင်ထဲက တစ်ကောင်ကို ကျပန်း ရွေးချယ်ခိုင်းခဲ့တယ်။ အတန်းပြီးတဲ့အခါ ချန်ယန်က သူ ရောင်စုံရွှံ့စေးတွေကို ပုံသွင်းနေတဲ့ မြင်ကွင်းကို သူ့ဖုန်းကို အသုံးပြုပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်။

ကျွမ်းကျင်တဲ့လက်နဲ့ တီထွင်ဆန်းသစ်မှုတွေက ချန်ယန်ရဲ့ပြီးပြည့်စုံတဲ့ သရုပ်ဖော်မှုဖြစ်လာခဲ့တယ်။

ချန်ယန်က ရှဲ့ရန်ရဲ့အရုပ်သေးသေးလေးတွေကိုလည်း တိတ်တဆိတ် ပြုလုပ်ခဲ့သေးတယ်။ ပုံပန်းသဏ္ဍာန်က ဆင်တူပေမယ့် စိတ်ဝိညာဉ်ကတော့ အတိအကျတူနိုင်ခြင်း မရှိသေးဘူး။ ဒါပမေယ့် အဝေးကနေ ကြည့်ရင်တော့ အရမ်းကို အသက်ဝင်တယ်။

ချန်ယန်က အစမ်းပြုလုပ်နေဆဲအဆင့်မှာပဲ ရှိနေသေးပြီး ရှဲ့ရန်ကို တစ်ပိုင်းတစ်စ ကုန်ချောတွေကို ပေးဖို့ ရည်ရွယ်ချက် မရှိပေမယ့် မမျှော်လင့်ဘဲ ရှဲ့ရန်က အဲ့တာတွေကို မတော်တဆတွေ့ရှိသွားခဲ့တယ်။ သူတွေ့သွားတာနဲ့တပြိုင်နက် အဲဒီလူက သူ ချန်ယန်ကို အချိန်မရွေး ခေါ်သွားနိုင်အောင် ချန်ယန်ရဲ့ပုံတူအရုပ်ကလေးတွေကို လုပ်ခိုင်းတော့တယ်။ အဲ့လို ချစ်မေတ္တာစကားကြောင့် အဲ့အချိန်တုန်းက ချန်ယန်ရဲ့နားရွက်တွေက နီရဲသွားခဲ့တယ်။

ချန်ယန်က ရောင်စုံရွှံ့စေးကို ဆုပ်ကိုင်ပုံသွင်းနည်းကို နေ့တိုင်း သင်ယူနေပြီး အဲ့တာတွေနဲ့ အချိန်ဖြုန်းနေတုန်းမှာ ဇန်နဝါရီလကုန်ခါနီးကို ရောက်လာခဲ့တယ်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ ပလပ်ဖောင်းက ချန်ယန်ကို ဆက်သွယ်လာပြီး လေယာဉ်လက်မှတ်များနဲ့ ဟိုတယ်တွေကို သူတို့ ဂရုစိုက်ဆောင်ရွက်ပြီးဖြစ်ကြောင်းနဲ့ ချန်ယန်က အဲ့နေရာကို တိုက်ရိုက်သွားနိုင်ကြောင်း ပြောကြားလာခဲ့တယ်။

သူ့ဗိုက်ထဲက ကလေးလေးကလည်း မကြာသေးခင်က အနည်းငယ် ပိုပြီး တက်ကြွနေပုံပေါ်တယ်။ ချန်ယန်က ​​သူ့ဗိုက်ထဲမှာ ကလေးငယ် ရေကူးနေတာကို မကြာခဏ ခံစားနိုင်တယ်။ တခါတလေမှာတော့ သူက ချန်ယန်ရဲ့ဗိုက်ထဲကို အဖုသေးသေးလေးတွေကို ဖြစ်အောင် သူ့လက်တွေကို ဆန့်ထုတ်နေတက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now