Part 4 (1/2)

1.3K 178 0
                                    

အခန်း ၄ ညစာဖိတ်ခြင်း (အပိုင်း ၁)

သူ့ရှေ့ကလူနှစ်ယောက်က ချန်ယန်ကို ပူလောင်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြီး ချန်ယန်ရဲ့အဖြေကို စောင့်နေတယ်။

ချန်ယန်က ဘေးနှစ်ဘက်မှာ လက်သီးနှစ်ဘက်ကို တင်းတင်းဆုပ်ထားပြီး သူတို့ကို မထိုးမိဖို့ သူ့ဘာသာသူ အပြင်းအထန် ကြိုးစားနေရတယ်။

ချန်ယန်က အသက်ကို ဖြည်းညှင်းစွာ ရှုထုတ်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်တယ်။

သူပုံစံက အရမ်းလှပနေပြီး သူရဲ့ အပြုံးက ကြွေကျနေတဲ့ နှင်းပွင့်လေးတွေလို နူးညံ့စင်ကြယ်နေတယ်။ လီယဲ့နဲ့ စုန့်ဖန်ချမ်တို့ရဲ့ တင်းမာနေတဲ့ အာရုံကြောတွေ အနည်းငယ် ပြေလျော့သွားတော့တယ်။

"မသိဘူး၊ အဲဒီလူကို အမှတ်တမဲ့တွေ့လိုက်တာ၊ မနေ့ညက ဘာမှမဖြစ်ဘူး၊ ငါ အဲဒီလူရဲ့အခန်းက ဆိုဖာပေါ်မှာ အိပ်ခဲ့တာ၊ ဒါပေမယ့် မင်းတို့နောက်တာက တော်တော်များသွားပြီ"

ချန်ယန်က မနေ့ကအဖြစ်အပျက်ကို ပြုံးရင်း ပြန်ပြောပြလိုက်တယ်။ သို့ပေမယ့်လည်း လီယဲ့နဲ့ အခြားသူတွေ မသိတာက ချန်ယန်ရဲ့ မျက်လုံးတွေထဲမှာ ဒေါသတွေကို ဖုံးကွယ်ထားတယ်ဆိုတာပါပဲ။

"တောင်းပန်ပါတယ် ငါတို့အရမ်းလွန်သွားတယ်။ နောက်တစ်ခါ ဒီလို မဖြစ်စေရပါဘူး" ချန်ယန်က သူတို့ကို အပြစ်မတင်တာကို မြင်တော့ လီယဲ့က ချက်ချင်းပဲ လျောချသွားတော့တယ်။

စုန့်ဖန်ချမ်က ချန်ယန်ဆီကို လျှောက်သွားပြီး ချန်ယန်ရဲ့ ပခုံးပေါ် သူ့လက်ကို တင်လိုက်ပြီး ချန်ယန်ကို သူ့လက်မောင်းကြားထဲကို ဆွဲသွင်းလိုက်တယ်။

ချန်ယန်ရဲ့ မျက်လုံးတွေက ရုတ်တရက် မှိတ်ကျသွားပြီး အဲ့မျက်လုံးတွေထဲက အမုန်းတရားတွေကို ခနတာအတွင်း ဖုံးကွယ်လိုက်တယ်။

မနေ့က သူ ကံကောင်းတာကြောင့် ဓါတ်လှေကားထဲမှာ အဲ့အမျိုးသားနဲ့တွေ့ဆုံခဲ့ပြီး တခြားသူရဲ့အခန်းကို ရောက်သွားမယ့်အစား အဲ့အမျိုးသားရဲ့အခန်းကို သွားနိုင်ခဲ့တယ်။ မနေ့ညက ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်မှာတော့ ချန်ယန်က သူ ပထမဆုံးအကြိမ် လိင်ဆက်ဆံခဲ့တာကို ဝန်ခံနိုင်တယ်။ အဲ့တာက အရည်အသွေးမြင့်ပြီး ချောမောတဲ့ အမျိုးသားလေ၊ အဲဒီလူက ချန်ယန်ရဲ့ဘဝမှာ ခုချိန်အထိ မြင်ဖူးသမျှ လူတွေထဲမှာ အကောင်းဆုံးလူပါပဲ။ ချန်ယန်က သူ့ရဲ့အရသာကို တကယ်သဘောကျခဲ့ပြီး သူ့မှာ မဖြစ်သင့်တဲ့ မျှော်လင့်ချက်တွေတောင် ရှိနေသေးတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now