Part - 24.2

936 152 3
                                    

အခန်း ၂၄ အပိုင်း (၂)

သူတို့အိမ်က သုံးထပ်ဖြစ်ပြီး လက်ရှိမှာက ဒီအိမ်မှာ ချန်ယန်နဲ့ရှဲ့ရန်တို့ပဲ နေတယ်။ နောက်နှစ် အလယ်လောက်မှာ ကလေးမွေးခဲ့ရင်တော့ ကလေးထိန်းက ဒီမှာပဲနေဖို့ သေချာနေတာတောင် လူများများ စားစား မရှိတာကြောင့် အခန်းအပိုတွေ အများကြီးကျန်နေသေးတယ်။

ချန်ယန်က မီးဖိုချောင်ကို ဝင်သွားလိုက်ပြီး သစ်သီးတစ်ပန်းကန် ရေဆေးပြီး အသီးအနှံတွေကို ဥယျာဉ်ငယ်လေးဆီကို ယူသွားပြီး ဖြည်းဖြည်းချင်း စားဖို့ ထိုင်ခုံငယ်လေးပေါ်မှာ ဝင်ထိုင်လိုက်တယ်။

လေပြေလေညင်းလေးတွေ တိုက်ခတ်နေတာကြောင့် ဥယျာဉ်လေးက လန်းဆန်းစေတဲ့ ပန်းရနံ့တွေနဲ့ ရုတ်ချည်း ပြည့်လျှံလာတယ်။

ချန်ယန်ရဲ့ဝမ်းကွဲမုန့်ချွီက သူ့ကို ဖုန်းဆက်လာပြီး အပြင်မှာ ဟော့ပေါ့စားတာက ဗိုက်ထဲမှာ နည်းနည်း အဆင်မပြေဘူးလို့ ပြောခဲ့တယ်။ ချန်ယန်က အပြင်မှာ နေထိုင်တဲ့အတွက် ဟော့ပေါ့ကို ချက်စားကြရင် ပိုကောင်းမယ်လို့ ပြောလာတယ်။ အဲ့တာဆိုရင် ပိုက်ဆံလဲ သက်သာမယ်တဲ့။

ချန်ယန်က ဖုန်းကို ကိုင်ထားရင်း သူ့နောက်က အိမ်ကြီးကို လှည့်ကြည့်လိုက်တယ်။ အကောင်းဆုံး ဖြေရှင်းချက်က မုန့်ချွီနဲ့ တခြားသူတွေ ဒီကိုမရောက်လာအောင် တားဆီးဖို့ လိုတယ်ဆိုတာကို သူ သိတယ်။ သူတို့ရောက်လာရင် တစ်ခုခုတော့ ရှင်းပြရလိမ့်မယ်။

တကယ်လို့ ရှဲ့ရန်က ချန်ယန်ကို သူ့အဖေရဲ့မင်္ဂလာဆောင်ကို ခေါ်သွားမယ်လို့ မပြောထားခဲ့ရင် ချန်ယန်က ဒီနေ့ မုန့်ချွီကို ငြင်းပယ်ဖို့ အကြောင်းပြချက်ရှာလိုက်မှာပါ။

ဒါပေမယ့် အခြားတစ်ဖက်မှာလဲ ချန်ယန်က ရှဲ့ရန်ကို မုန့်ချွီနဲ့ တွေ့ဆုံပေးဖို့ ဆန္ဒရှိနေခဲ့တယ်။ မုန့်ချွီက သူ့ရဲ့ဝမ်းကွဲနဲ့ သူ့မိသားစုဝင်တစ်ဦးဖြစ်နေတာကြောင့်ပါ။

မုန့်ချွီက သူမှာ ချစ်နေတဲ့လူ ရှိတယ်ဆိုတာ သိနေပေမယ့် ယောက်ျားလေးလား မိန်းခလေးလားဆိုတာ မသိသေးပါဘူး။ ချန်ယန်ရဲ့အမြင်အရတော့ ဒါက ထုတ်ဖော်ပြောလို့မရတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now