Part 40.2

621 124 3
                                    

အခန်း ၄၀ (အပိုင်း ၂)

ထိုလူ နောက်ပြန်ဆုတ်တာကို ခဏလောက် စိုက်ကြည့်နေပြီးမှ ချန်ယန်က သူ့တို့အိမ်မှာ ကားလေးစီးရှိနေပြီးပြီဆိုတာကို သတိရလိုက်တယ်။ ပြီးတော့ ချန်ယန်ရဲ့မှတ်ဉာဏ်ထဲမှာ ရှဲ့ရန်က ပြိုင်ကားတွေ မောင်းရတာကို အလွန်အမင်း မကြိုက်တာကြောင့် ဖြစ်ပျက်နေတာတွေကို သူ နားမလည်နိုင်‌သေးဘူး။

"အဲ့ကားက ဟုန်ကျန့် လိုချင်တာ" ရှဲ့ရန်က ချန်ယန်ရဲ့ခါးလေးကို ဖက်ပြီး ဧည့်ခန်းဆီ ပြန်ခေါ်သွားလိုက်တယ်။ မူလက ဇီဒန်းဆီကို တိုက်ရိုက်မောင်းခိုင်းလိုက်ရင်လည်း ပြဿနာ မဟုတ်ပေမယ့် ဇီဒန်းကို နေ့ခင်းဘက်မှ ရမယ်လို့ ပြောထားတာကြောင့် ဟုန့်ကျန့်ကိုပဲ အရင်ပြောလိုက်တော့မယ်၊ ‌နောက်မှ သူတို့ အချင်းချင်း ပြောကြပေါ့။

ချန်ယန်က ဆိုဖာပေါ် ဝင်ထိုင်ရင်း အရုပ်သေးသေးလေးတစ်ရုပ်ကို လက်သင့်သလို ကောက်ယူလိုက်ပြီး ကလေးလေးရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။ ကလေးက အရုပ်လေးကို သူ့လက်လေးနှစ်ဖက်နဲ့ ဆုပ်ကိုင်ထားပြီး သူ့ရဲ့အနက်ရောင် မျက်လုံးဝိုင်းဝိုင်းကြီးတွေက မျက်တောင်မခတ်ဘဲ သူ့အဖေတွေကို စိုက်ကြည့်နေတယ်။

"ဟုန်ကျန့်လား? သူ ဒီကားကို လိုချင်တာလား" ဟုန်ကျန့်လည်း ဒီလို ကားမျိုးတွေကို ဝါသနာမပါဘူးလို့ သူ ထင်တယ်။ ဟုန်ကျန့်က ရှဲ့ရန်ရဲ့သူငယ်ချင်းကောင်းမို့ သူတို့နှစ်ယောက်ကြားမှာ တူညီတာတွေ အများကြီးရှိနေတာကို ချန်ယန်က သိနေခဲ့တယ်။

မဟုတ်ရင် ဦးလေးဟုန်က ချန်ယန်ကို သင့်တော်တဲ့ လက်တွဲဖော် ရှိ မရှိ မေးပြီး စောင့်ကြည့်ပေးခိုင်းပြီး ဟုန်ကျန့်နဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး။

"သူ လိုချင်တယ်လို့တော့ တစ်ထစ်ချ ပြောလို့ မရဘူး"

"ဟင်?" ချန်ယန်က စိတ်ရှုပ်သွားတယ်။

"ဒါဆို ဘယ်သူက လိုချင်တာလဲ?"

ချန်ယန်က မေးလိုက်တယ်။

"ဇီဒန်း!" ရှဲ့ရန်က နာမည်ကို ပြောပြလိုက်တယ်။

"ဇီဒန်း?" ချန်ယန်က စိတ်ရှုပ်ထွေးနေပေမယ့် ရုတ်တရက် မင်္ဂလာပွဲတုန်းက မြင်ကွင်းကို သတိရမိသွားပြီး ဟုန်ကျန့်နဲ့ဇီဒန်း အတူတူထိုင်နေတာကို အမှတ်တမဲ့ တွေ့လိုက်ကြောင်း ပြန်မှတ်မိလိုက်တယ်။ သူတို့နှစ်ယောက်က အတူတူ ပြန်ထွက်သွားပုံရတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now