Part 41.2

536 108 2
                                    

အခန်း ၄၁ (အပိုင်း ၂)

ဟုန်ကျန့်က ချန်ယန့်ပါးပေါ်က အနမ်းခံလိုက်ရတဲ့နေရာကို စိုက်ကြည့်နေပြီးနောက် ဇီဒန်းရဲ့ ကွေးညွတ်နေတဲ့ နှုတ်ခမ်းတွေကို အကြည့်ရောက်သွားပြန်တယ်။

သူ့စိတ်ထဲက အဲ့အတွေးကြောင့် ဟုန်ကျန့်က အံ့အားသင့်သွားပြီး သူ့အတွေးတွေကို အချိန်မီ ရပ်လိုက်ပေမယ့် သူ့မျက်လုံးတွေက အကြည့်မလွှဲဘဲ ခဏလောက် ငြိမ်နေသေးတယ်။

ဇီဒန်းရဲ့ အပြုံးက ထူးထူးခြားခြား တောက်ပနေပြီး ဖြူစင်နေတယ်။ ချန်ယန်က အဲ့အပြုံးကို မြင်လိုက်ပြီး ချက်ချင်း စိတ်သက်သာရာရသွားတယ်။

ဇီဒန်းက သူ့ကို မကြိုက်ရင် ဘာမှ မဖြစ်ဘူး၊ မဟုတ်ရင် ဇီဒန်းနဲ့ ဒီရင်းနှီးမှုကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို သူ တကယ် မသိတော့ဘူး။

ဇီဒန်းက ချန်ယန်ကို လက်ပြနှုတ်ဆက်လိုက်ပြီး စုံတွဲက ဇီဒန်းနဲ့ ဟုန်ကျန့် တံခါးဝကနေ ထွက်သွားတယ်ကို စောင့်ကြည့်နေခဲ့ကြတယ်။

သူတို့ နှစ်ယောက် ထွက်သွားတယ်နဲ့ တပြိုင်နက် ရှဲ့ရန်က ရေစိုနေတဲ့ အဝတ်စကို ထုတ်ပြီး ချန်ယန်ရဲ့ပါးပြင်ကို သုတ်ပေးနေတယ်။ ရှဲ့ရန်က ဇီဒန်းနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ အရာတစ်ခုကိုတောင် ခံစားလာရတယ်။

ဒါပေမယ့် တစ်ဖက် မနက်ဖြန်မှ ထွက်ခွာတော့မယ်။ ပြီးတော့ ဟုန်ကျန့်ရဲ့ အပြောအဆိုအရ သူက ဇီဒန်းကို သဘောကျနေတာ သိသာတယ်။

ချန်ယန်က ရှဲ့ရန်ရဲ့အမူအရာကို ကြည့်ပြီး သူ မပျော်တာကို သတိပြုမိတာကြောင့် သူက ပြုံးလိုက်ပြီး ရှဲ့ရန်ကို နမ်းဖို့ ရှေ့ကို တိုးလိုက်တယ်။

သူက ရှဲ့ရန်ကို ညင်ညင်သာသာ နမ်းလိုက်ပြီး "စိတ်ဆိုးမနေနဲ့ ဇီဒန်းက ကျွန်တော့်ကို မကြိုက်ပါဘူး"

ရှဲ့ရန်က ချန်ယန်ရဲ့ပါးလေးကို နမ်းသွားပြီး ဇီဒန်းရဲ့အနမ်းခြေရာတွေကို လုံးဝဖျက်ပစ်လိုက်တယ်။

ချန်ယန်က ပြုံးပြီး မျက်လုံးတွေကို မှိတ်ချထားလိုက်တယ်။

သူ့မှာ မနာလိုတက်တဲ့ ခင်ပွန်းရှိနေတာ သူလည်း ဘာတက်နိုင်မှာလဲ?

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now