Part 10(2/2)

1K 163 0
                                    

အခန်း ၁၀ နှုတ်ဆက်ပါတယ် (၂/၂)

ချန်ယန်က သေသေချာချာ ပြန်ရပ်ပြီးတာနဲ့ လှည့်ကြည့်လိုက်တော့ သူမှန်းထားတဲ့ အတိုင်းပဲ ခုနက တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့ ရှဲ့ရန်က သူ့နောက်မှာ ရပ်ပြီ။

"ဘာဖြစ်တာလဲ" ရှဲ့ရန်က ချန်ယန်ရဲ့ခါးကို သူ့လက်နဲ့ ဖက်ထားဆဲဖြစ်ပြီး အေးစက်တဲ့မျက်လုံးတွေက သူ့ရှေ့မှလူတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်နေတယ်။ အဲ့လူတွေက သူ့ရဲ့အုံ့မှိုင်းနေတဲ့ အကြည့်နဲ့ ရင်ဆိုင်လိုက်ရတာကြောင့် ချက်ချင်း စ်တ်ပျက်အားငယ်သွားကြတယ်။

ခုတုန်းက ချန်ယန်ကို ရင်ဆိုင်နေကြတဲ့ သူတို့မာနထောင်လွှားမှုတွေက သူတို့ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်တဲ့ အမျိုးသားတစ်ဦးရဲ့ရှေ့မှာတော့ လုံးဝ သေဆုံးသွားပြီ။

အဲ့တာကို အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တယ်လို့ အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်။

ရှဲ့ရန်က ချန်ယန်က အခြားသူကို ဝိုင်နဲ့ ပက်လိုက်တာကို မမြင်ခဲ့ဘဲ ထိုလူက ချန်ယန်ကို အကြောင်းပြချက်မရှိဘဲ တွန်းချလိုက်တာကိုသာ တွေ့လိုက်ရတယ်။ သူ ရောက်မလာရင် ချန်ယန်က မြေပြင်ပေါ်ကို လဲကျသွာတော့မယ်။

ရှဲ့ရန်က လေဖိအားနည်းရပ်ဝန်းတစ်ခု ထုတ်လွှတ်နေပြီး တစ်ဖက်လူကို အေးစက်စွာ စိုက်ကြည့်နေတယ်။ ထိုလူရဲ့ တစ်ကိုယ်လုံးက တောင့်တင်းနေပြီး သူ မလှုပ်ရှားရဲသလို ရှင်းပြဖို့တောင် အသံမထွက်ရဲတော့ပေ။

"ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်က သူ့အပေါ် ဝိုင် မတော်တဆ ဖိတ်မိသွားတာပါ။ ကျွန်တော့်အပြစ်ပါ။ တောင်းပန်ပါတယ်" ချန်ယန်က သူ ဒီအဆင့်မှာတော့ သူ ဆက်ပြီး သရုပ်ဆောင်နေလိုက်တာက အကောင်းဆုံးပဲလို့ တွေးနေခဲ့တယ်။ ဒီကိစ္စကို အမှန်အတိုင်း ထုတ်ဖော်မိသွားရင် သူတို့ပဲ ဒုက္ခရောက်လိမ့်မယ်။ ဒီမှာ လူအနည်းငယ် ရှိနေတုန်းပဲလေ။

ချန်ယန်က သူတို့က သနားစရာကောင်းတယ်လို့တွေးပြီး သူတို့အပေါ် စာနာကာ သူ့တို့ကို ရယ်စရာကောင်းတဲ့လူတွေအနေနဲ့ နှိမ့်ချဆက်ဆံလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now