Part 1(3/3)

1.4K 175 0
                                    

အခန်း ၁ သူငယ်ချင်းတွေက သစ္စာဖောက်တာလား?(၃/၃)

လီယဲ့က တခြားသူတွေနဲ့ ဘယ်လိုပူးပေါင်းခဲ့တာနဲဆိုတာကို သူ သိချင်နေသေးတယ်။ အဲဒီလူနှစ်ယောက်က သူ့ကို ဒီလို သတ္တိရှိရှိ ဆက်ဆံခဲ့တယ်ပေါ့။ သူ အသက်ရှင်နေသရွေ့ အကြွေးပြန်ယူဖို့ သေချာပေါက် သူတို့ဆီ ပြန်သွားမယ်။

ချန်ယန်က သူ့ရှေ့ကလူက သူ တကယ်အရှုံးပေးနေတယ်လို့ ထင်အောင် ခေါင်းငုံ့ထားလိုက်တယ်။ ဓာတ်လှေကားအပြင်ဘက်ကနေ လူတွေ အများကြီး ဝင်လာတယ်။ ချန်ယန်က သူရဲ့လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး သူ့လက်သည်းတွေက သူ့လက်ဖဝါးထဲသို့ ထိုးစိုက်လုနီးပါးဖြစ်နေပြီ။ သူအသက်ကို ဖြည်းဖြည်းချင်းရှူနေတုန်း ဓါတ်လှေကားက ရပ်သွားပြန်တယ်။

သူတို့သွားမယ့်အထပ်ကို ရောက်တော့ ချန်ယန်လက်ကိုကိုင်ထားတဲ့လူက ဓါတ်လှေကားထဲကနေ ထွက်လိုက်တယ်။ ဓာတ်လှေကားတံခါးကနေ ထွက်ခါနီးမှာ နာနာခံခံနဲ့ မလှုပ်မယှက်ဖြစ်နေတဲ့ ချန်ယန်က ​​ရုတ်တရက် ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်တယ်။ ချန်ယန်က ဓာတ်လှေကားထဲမှာ ဘယ်သူတွေပါလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိတဲ့အတွက် အနီးဆုံးလူရဲ့ အင်္ကျီလက်ကို ဆွဲလိုက်ပြီး ထိုယောက်ျားရဲ့ ချုပ်နှောင်မှုကနေ ရုန်းထွက်ကာ ဘေးနားက လူကို ပြေးကပ်လိုက်တယ်။

ထိုလူက ချန်ယန်ကို ဓားနဲ့တကယ်ထိုးဖို့ မရည်ရွယ်ထားဘဲ ခြိမ်းခြောက်ရုံလဲ ဖြစ်နိုင်တယ်။ သူက ချန်ယန်ရဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုကို မျှော်လင့်ထားပုံမပေါ်ဘူး။ သူ တုံ့ပြန်နိုင်တဲ့အချိန်မှာ ချန်ယန်က ဓာတ်လှေကားထဲမှာ‌ရှိနေတဲ့ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲသို့ သူ့ကိုယ်သူ ပြေးဝင်ပြီးနေပြီ။ အဲ့တစ်စုံတစ်ယောက်က ဓားကိုင်ထားတဲ့သူကိုတောင် ထိတ်လန့်စေအောင် ခြိမ်းချောက်နိုင်တဲ့ ရောင်ဝါတစ်ခုရှိနေတယ်။

ချန်ယန်က သူ့ရှေ့က အခြားသူရဲ့အဝတ်အစားတွေကို လက်နှစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။ သူ့မျက်လုံးတွေက နီရဲနေပြီး မျက်ရည်တွေနဲ့ပြည့်နေကာ အလွန်နုနယ်ပြီး ပျော့ပျောင်းနေပေါ်နေတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now