Part 12

1.1K 174 0
                                    

 အခန်း ၁၂ ကိုယ်ဝန်

အိပ်ရာထပြီးနောက် ချန်ယန်က အင်္ကျီကိုဝတ်လိုက်ကာ မျက်နှာသစ်ဖို့ လသာဆောင်အပြင်ဘက်မှာ ရှိနေတဲ့ ဘေဇင်ဆီကို သွားလိုက်တယ်။

သွားတိုက်ဆေး နည်းနည်းညှစ်ထည့်ပြီး သွားတိုက်လိုက်တယ်။ ပြီးတော့ ရုတ်​တရက်​ ​အော့အန်ချင်လာတာကြောင့် ဘေဇင်မှာ ငုံပြီး ထွေးထုတ်လိုက်ရတယ်​။

အဲ့အချိန်မှာ သူ့တစ်ကိုယ်လုံးက အဆင်မပြေ သလိုဖြစ်နေခဲ့တယ်။

ချန်ယန်က သူ့လက်ထဲက သွားပွတ်တံကို ခနစိုက်ကြည့်နေမိတယ်။ ခဏလောက် ငြိမ်သက်သွားပြီးနောက် သူ ပြန်တိုက်တော့တယ်။ ဒါပေမယ့် သူ့ပါးစပ်ထဲမှာ သွားတိုက်ဆေးရဲ့ အရသာကို ခံစားလိုက်ရတာနဲ့ သူ့လည်ချောင်းက အဆင်မပြေပြန်ဘူး။

ချန်ယန်က ခေါင်းကို ငုံချလိုက်ပြီး နောက်တစ်ကြိမ် ပြန်ထွေးထုတ်လိုက်တယ်။

ဘေဇင်နောက်မှာ သန့်စင်ခန်းရှိနေတာကြောင့် အဲ့ထဲကနေထွက်လာတဲ့ အခန်းဖော် ဖန်းယုက တံခါးဖွင့်လိုက်တာနဲ့ ချန်ယန် အန်တာကို ကြားလိုက်ရတယ်။

ဖန်းယုက ချန်ယန်ရဲ့နောက်မှ ရောက်တက်လာပြီး မျက်မှောင်ကြုတ်ကာ "ဘာဖြစ်နေတာလဲ၊ မင်း နေမကောင်းဘူးလား?"

ချန်ယန်က သွားတိုက်ဆေးထဲက mint အနံ့ကို ရလိုက်တာနဲ့ သူ ပြင်းပြင်းထန်ထန် အန်ချင်နေကြောင်း နားလည်သွားခဲ့တယ်။

သူက ရေနည်းနည်းကို ငုံလိုက်ပြီး ပါးစပ်ထဲက အမြှုပ်တွေကို ဆေးကြောလိုက်တယ်။

သူ ပြန်မော့ကြည့်လိုက်တော့ မှန်ထဲမှာ သူ့မျက်လုံးတွေ အနည်းငယ်နီနေတာကို တွေ့လိုက်ရတယ်။

သူ့အခန်းဖော်က သူ့ကို ဂရုစိုက်ပေးနေတာတွေ့တော့ ချန်ယန်က ရေဖန်ခွက်ကို လက်နဲ့ ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်တယ်။

"ဘာမှ မဖြစ်ပါဘူး"

"တကယ်လား?" ချန်ယန်က ဒီအိပ်ဆောင်မှာ အသက်အငယ်ဆုံးပါ။ ချန်ယန်က ထိုပျင်းရိသူတွေကို မကြာခဏ မနက်စာ ဝယ်ပေးရပေမယ့် တစ်ဖက်တွင်မူ သူတို့ကြားက ခင်မင်ရင်းနှီးမှုက ရိုးသားမှုလည်းရှိနေပြန်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now