Part 33.2

852 173 3
                                    

အခန်း ၃၃ (အပိုင်း ၂)

ချန်ယန်က မသိစိတ်ကနေ ကြောက်ရွံ့စ ပြုလာပြီး ရှဲ့ရန်က ချန်ယန်ရဲ့ညာလက်ကို ရုတ်တရက် ဆုပ်ကိုင်ပေးထားလိုက်တယ်။ နူးညံ့ဖြူစင်တဲ့မျက်နှာလေးနဲ့ ကလေးလေးက ရှဲ့ရန်ရဲ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတယ်။ ချန်ယန်က ရွဲ့စောင်းနေတဲ့ ကလေးရဲ့အဝတ်အစားတွေကို အနည်းငယ် ပြန်ပြင်ပေးလိုက်တယ်။ ကလေးလေးက အိပ်မက်ကောင်းကောင်းမက်နေပုံရပြီး သူ့ရဲ့ပါးစပ်ငယ်နဲ့နှုတ်ခမ်းထောင့်တွေက သေးသေးလေး ကွေးညွှတ်နေတယ်။

ချန်ယန်ရဲ့မိသားစုက အဆောက်အဦးဟောင်းတစ်ခုမှာ အမြဲနေထိုင်ခဲ့ပြီး အခြားအိမ်တွေကို ဘယ်သောအခါမှ မပြောင်းခဲ့ကြဘူး။ သူတို့အိမ်ယာအတွင်းမှာရှိနေတဲ့ အဆောက်အဦတွေအားလုံးက အထပ်နိမ့်တွေဖြစ်ပြီး ဓာတ်လှေကားတွေ မရှိဘူး။ ချန်ယန်က ထိုလှေကားတွေပေါ်ကို နှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ဖူးတယ်။

ဒါပေမယ့် ဒီနေ့မှာတော့ ပထမဆုံးအကြိမ်အဖြစ် ခြေတစ်လှမ်းတက်လိုက်တိုင်း သူ့နှလုံးသားက ပိုလေးလံလာတယ်။ ရှဲ့ရန်နဲ့ ကလေးကို အိမ်ပြန်ခေါ်ဖို့ သူ အလျင်စလို လုပ်မိပြီလားလို့ တွေးနေမိပြန်တယ်။ သူက ကလေးတောင် မွေးထားခဲ့ပေမယ့် သူ့မိဘတွေကို အခုအချိန်အထိ လျှို့ဝှက်ထားခဲ့တယ်။

သူ့အိမ်ရှိတဲ့ အထပ်ကို ရောက်တဲ့အခါ သူ့ရဲ့ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်သွားတယ်။ ချန်ယန်က သူ့ခေါင်းကို လှည့်ပြီး လက်တစ်ဖက်နဲ့ လက်ဆောင်အိတ်ကို ကိုင်ထားပြီး လက်တစ်ဖက်က ကလေးငယ်ကို ချီထားတဲ့ ရှဲ့ရန်ကို ပြန်ကြည့်လိုက်တယ်။ သူမှာ ပြောစရာရှိပေမယ့် ခဏအကြာအထိ ဘာမှ မပြောနိုင်ပြန်ဖူး။

"ကလေးကို ပေး" ချန်ယန်က သူ့လက်တွေကို ဆန့်တန်းပြီး နိုးလာရာကနေ သူ့ကို မျက်လုံးကြီးကြီးလေးတွေနဲ့ စိုက်ကြည့်နေတဲ့ သားဖြစ်သူကို ပွေ့ဖက်လိုက်တယ်။ ကလေးက သူ့ပါးပါး ဘာလုပ်ဖို့ ကြံစည်နေမှန်း မသိသေးဘဲ ဖခင်ဖြစ်သူက သူ့ကို ပွေ့ဖက်လိုက်တဲ့အခါ ဝမ်းသာအားရနဲ့ မျက်လုံးတွေကို မှိတ်ထားပြီး စူးစူးဝါးဝါး အသံတွေ ထွက်လာပြန်တယ်။ သားဖြစ်သူ့ရဲ့ အသံက မှော်အစွမ်းရှိပုံပေါ်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now