Part 21 (1/2)

1K 164 3
                                    

အခန်း ၂၁ Propose (အပိုင်း ၁)

တံခါးဖွင့်ပြီး ဝင်ပေါက်ကနေ ဝင်လိုက်တာနဲ့ တပြိုင်နက် လက်ရာမြောက်ပြီး ပြီးပြည့်စုံနေအောင် အလှဆင်ထားသော သုံးထပ်ဇိမ်ခံအိမ်တစ်လုံးက မြင်ကွင်းထဲကို ဝင်လာလာခဲ့တယ်။

ချန်ယန်က သူ့လက်ထဲက တံခါးသော့ကို တခဏတာလောက်တော့ ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်မိတယ်။ ပြတင်းပေါက်က မှန်တွေက တောက်ပကြည်လင်နေပြီး ဧည့်ခန်းအလယ်က ပန်းပွင့်ပုံသဏ္ဍာန်သလင်းရောင် မီးဆိုင်းကြီးက ချစ်စရာကောင်းလောက်အောင် တောက်ပနေပြီး ဆွဲဆောင်မှုဆိုတဲ့ စကားကို အပြည့်အဝပုံဖော်ပေးနေတယ်။

အိမ်တစ်ခုလုံးရဲ့ အလှဆင်မှုက အနောက်တိုင်းကို တုပထားတဲ့ ခေတ်မီအသွင်အပြင်ဖြစ်ပြီး ကြမ်းပြင်တွေကိုတောာ့ သစ်သားကြမ်းခင်းပြားတွေ ခင်းကျင်းထားတယ်။ နူးညံ့ပြီး နွေးထွေးနေတဲ့ လေထုကို ပေးစွမ်းနိုင်တဲ့ ဒီအလှဆင်စတိုင်က ချန်ယန့်ကို ချက်ချင်း သဘောကျသွားစေခဲ့တယ်။

ဒီအိမ်က ချန်ယန် အိပ်မက်မက်ခဲ့ရတဲ့ အိမ်အမျိုးအစားဖြစ်ပြီး တစ်ချိန်ချိန်မှာ ချန်ယန်ပိုင်ဆိုင်ချင်တဲ့ ဇိမ်ခံချင်တဲ့ ဆန္ဒတွေထဲက တစ်ခုကာ သူဘယ်တော့မှ မပိုင်ဆိုင်နိုင်တဲ့အရာမျိုးပါ။

ယခုတော့ ဘာကြိုတင်သတိပေးချက်မှ မရှိဘဲ အဲ့လိုအိမ်ကြီးက ချန်ယန့်ရှေ့ကို ရုတ်တရက် ပေါ်လာတယ်။ ချန်ယန်က အံ့အားသင့်စွာနဲ့ အိမ်ကို လှမ်းပတ်ကြည့်နေတဲ့အချိန်မှာ ရှဲ့ရန်က သူ့နောက်ဘက် ခြေလှမ်းအနည်းငယ် အကွာလောက်မှာ ရှိနေပြီး သူ့နောက်ကနေ တချိန်လုံး ပါလာခဲ့တယ်။

ခနနေတော့ ရှဲ့ရန်က ချန်ယန်ရဲ့ဘယ်ဘက်ခြမ်းသို့ လျှောက်သွားလိုက်ပြီး ချန်ယန်ရဲ့ခါးလေးကို ခပ်ဖွဖွ လှမ်းဖက်လိုက်တယ်။

"လာ၊ အပေါ်ထပ်ကို တက်ကြည့်ရအောင်" ဒီဇိမ်ခံဗီလာမှာက သီးခြားဓာတ်လှေကားပါရှိပြီး ဒီအိမ်ကို ဝယ်တုန်းက ရှဲ့ရန်က သူ့၏လက်ထောက်ကို ကိုယ်ပိုင်ဓာတ်လှေကားပါတဲ့ အိမ်ရှာဖို့ သေချာပြောခဲ့တာပါ။ ဟုတ်တယ်၊ ချန်ယန်က တစ်ယောက်တည်း မဟုတ်ဘဲ၊ အခု သူ့ဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိနေတယ်၊ လော‌လောဆယ် အဆင်ပြေနေပေမယ့် နောင်မှာ သူ့ဗိုက်က ဒီထက်ပိုကြီးလာရင် လှေကားထစ်တွေကို အတက်အဆင်းလုပ်ဖို့ အဆင်မပြေတော့ပါဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now