Part- 4(2/2)

1.2K 177 3
                                    

အခန်း ၄ ညစာဖိတ်ခြင်း (အပိုင်း )

တစ်ဖက်မှာတော့ လီယဲ့နဲ့ နောက်တစ်ယောက်က ဂိမ်းတွေဆော့နေကြပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ခဲ့ဘူး။ သူတို့နှစ်ယောက်လုံးက ပရော်ဖက်ရှင်နယ်အသင်းမှာ ပါဝင်ရဖို့ သေချာနေပြီလို့ ခံစားနေမိကြပြီး အခုချိန်မှာတော့ သူတို့မှာ အပြောင်းအလဲတချို့ကြောင့် ထုတ်လွှင့်ဖို့ ပျင်းလာတော့တယ်။ .အရင်ဆုံး သူတို့ကိုယ်သူတို့ ပျော်ပျော်နေဖို့ တွေးနေကြတယ်။

ချန်ယန်က အရင် ထွက်သွားဖို့ပြင်လိုက်ပြီး သူတို့ကို ထွက်သွားချင်လားလို့ မေးလိုက်တယ်။ လီယဲ့က ဘာမှ မပြောဘဲ သူ့လက်ကို ဝှေ့ယမ်းပြနေပြီး အင်တာနက်ကဖေးကနေ ထွက်မသွားချင်တာ ထင်ရှားနေတယ်။

သူတို့နှစ်ယောက် မထွက်လာတော့ ချန်ယန်က သူဖြစ်စေချင်တဲ့အတိုင်း သူတစ်ယောက်တည်း အေးအေးဆေးဆေး ထွက်သွားတော့တယ်။

ကောင်းကင်က ကြည်လင်နေပြီး ပင်လယ်က ပြာလဲ့နေတယ်။ အဆုံးမရှိတဲ့ ကောင်းကင်နဲ့ ပင်လယ်ကို ကြည့်ရင်း ချန်ယန်က သူ့ခန္ဓာကိုယ်နဲ့ စိတ်တစ်ခုလုံး တဖြည်းဖြည်း ငြိမ်သက်သွားသလို ခံစားလိုက်ရတယ်။

အပျော်စီးသင်္ဘောပေါ်တမှာ ကမ်းခြေတုလေးတစ်ခုဆောက်ထားပြီး လူတွေက ကမ်းခြေမှာ ရေကစားနေကြတယ်။ ချန်ယန်က ကမ်းခြေရှိတဲ့ အောက်ထပ်ကို ဆင်းလာပြီး ဘယ်ဘက်ထောင့်မှာ ထိုင်ခုံတစ်ခုတွေ့တာကြောင့် ကမ်းခြေမှာ ထိုင်နေလိုက်တယ်။

နေရောင်ခြည်က တောက်ပနေပြီး နွေးထွေးတဲ့ အလေင်းရောင်က လူတွေရဲ့ ခန္ဓာကိုယ်ပေါ်အထိ တောက်ပနေပြီး နွေးထွေးစေပုံရတယ်။

အဲ့တာကြောင့် သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကြွလာပြီး သူ့အပြုံးက ပိုတောက်ပနေတယ်။

အပေါ်ထပ်မှာ တစ်ခြားလူတွေနဲ့ ရင်းနှီးမြုပ်နှံမှု အကြောင်းတွေ ပြောနေတဲ့ ရှဲ့ရန်က ကမ်းခြေဘက်ကို ပေါ့ပေါ့ပါးပါး စောင်းငဲ့ကြည့်လိုက်ချိန်မှာတော့ မနေ့ညက သူ့ကို သွေးဆောင်ခဲ့တဲ့ ချောမောတဲ့မျက်နှာလေးတစ်ခု ရုတ်တရက် ပေါ်လာတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now