Part 20(2/2)

1.1K 158 4
                                    

အခန်း ၂၀ အနမ်း ၂ခု (အပိုင်း ၂)

"မဟုတ်ဘူး၊ ကိုယ် အရမ်းပျော်တယ်"

ဒါပေမယ့် ခင်ဗျားရဲ့ပျော်နေတယ်ဆိုတာကြီးကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးလေ။ ချန်ယန်က သူ့ဘာသာသူ စိတ်ထဲကနေ ငြီးတွားနေခဲ့တယ်။ ရှဲ့ရန်က သူ့ခံစားချက်တွေကို လွယ်လွယ်ပြတတ်တဲ့သူ မဟုတ်ဘူးဆိုတာ သူ သိတဲ့အတွက် သူကပဲ မေးလိုက်တယ်။ "ခင်ဗျားက ဘာကို ပျော်နေတာလဲ"

"မင်းနဲ့ကလေး နှစ်ယောက်စလုံး ကိုယ့်ဘေးနားမှာ ရှိနေတယ်လေ" အဲ့လိုပြောနေတဲ့အချိန်မှာ ရှဲ့ရန်ရဲ့ နူးညံ့တဲ့ မျက်လုံးတွေက ချန်ယန်ရဲ့ မျက်နှာပေါ်ကို စူစူးစိုက်စိုက် ကျရောက်နေခဲ့တယ်။

မသိစိတ်က အပြုအမူတစ်ခုကြောင့် ချန်ယန်က သူ့ဗိုက်ကိုသူ ပြန်ပွတ်လိုက်မိတယ်။ နောက်အခိုက်အတန့်မှာ ရှဲ့ရန်ရဲ့လက်ဖဝါးက သူ့ဗိုက်ကို ဖုံးအုပ်လာခဲ့တယ်။ ရုတ်တရတ် ချန်ယန်က သူ့ဗိုက်ကနေမှတဆင့် သူ့ခန္ဓာကိုယ်ထဲကို နွေးထွေးတဲ့ အားစီးကြောင်းတစ်ခု တိုးဝင်လာသလို ခံစားလိုက်ရတယ်။ နှစ်ယောက်သား ရောယှက်နေတဲ့ လက်တွေကို ငုံ့ကြည့်လိုက်မိပြန်တယ်။

ချန်ယန်က တစ်ခုခုပြောခါနီးမှာ သမ်းဝေမိသွားတယ်။ သမ်းပြီးတဲ့နောက်မှာ သူ့မျက်လုံးတွေက စိုစွတ်ပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သူ တမင်တကာ ဘာမှ မလုပ်ခဲ့ပေမယ့် ဒီအသေးစိတ်အချက်လေးတွေက တခြားလူကို ဆွဲဆောင်ဖို့ လုံလောက်နေတယ်။

"မင်း အိပ်ချင်ရင် စောစောအိပ်ပါ" ရှဲ့ရန်က ထပ်ပြောလိုက်တယ်။

ချန်ယန်က ရှဲ့ရန်ရဲ့ Notebook ကို လှမ်းကြည့်လိုက်တော့ အားလုံးက အင်္ဂလိပ်လိုတွေ ဖြစ်နေတယ်ကို တွေ့လိုက်ရတယ်။

"ခင်ဗျား အချိန်တွေအကြာကြီး အလုပ်ရှုပ်နေရအုံးမှာလား" ချန်ယန်က ဒီလူက အလုပ်လုပ်နေတဲ့အချိန်မှာ သူက သွားအိပ်နေရမှာကို တွေးပြီး စိတ်မကောင်းဖြစ်သွားခဲ့တယ်။

"ခဏနေရင် ပြီးတော့မှာပါ"

ချန်ယန်က ခွက်ထဲကရေကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး အိပ်ခန်းထဲကို ဝင်သွားတယ်။ အခြားဧည့်သည်ခန်းတွေ အများကြီးရှိပေမယ့် သူသွားနေတဲ့ အခန်းက ရှဲ့ရန်ရဲ့ အိပ်ခန်းပါ။ အိပ်ခန်းတစ်ခုလုံးရဲ့ အလှဆင်ထားတဲ့ပုံစံက ရှဲ့ရန်ရဲ့ စိတ်နေစိတ်ထားနဲ့ လိုက်လျောညီထွေဖြစ်နေပြီး အေးစက်တဲ့အငွေ့အသက်ကို ပေးနေတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now