Part 35.3

774 158 4
                                    

အခန်း ၃၅ (အပိုင်း ၃)

ချန်ယန်က မကြာသေးမီက ရောင်စုံရွှံ့စေးနဂါးရုပ်တွေကို ပြုလုပ်ခဲ့တယ်။ သူ ဒီနဂါးကြီးက ပုံသွင်းနေတာ ငါးရက်ရှိနေပြီဖြစ်တာကြောင့် ဒီနေ့ ဆက်လုပ်ရမယ်။ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲက ပရိသတ်တွေက ချန်ယန်က ဒီနဂါးရုပ်ကို ကံစမ်းမဲ ဖောက်ပေးမှာလားလို့ မေးနေကြတယ်။

ချန်ယန်က ရွှံ့ပန်းပုတွေကို မကြာခဏ ကံစမ်းမဲဖောက်ပေးမယ်လို့ Weiboမှာ ပြောခဲ့ဖူးတာကြောင့်ပါ။

ပြီးတော့ တချို့နဂါးရုပ်တွေကို သူနဲ့ ပူးပေါင်းထားတဲ့ Taobao စတိုးဆိုင်မှာ ရောင်းချခဲ့တယ်။ ချန်ယန်က ဒဏ္ဍာရီလာ သားရဲကိုးကောင်ရုပ်တွေကိုတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်။

"ဒီနဂါးရုပ်က သူငယ်ချင်းတစ်ယောက်ကို ပေးရမှာ" ချန်ယန်က သူတို့ကို အာရုံမစိုက်ဘဲ သူ့လက်ထဲက အလုပ်အပေါ်ကို ဆက်လက်အာရုံစိုက်နေခဲ့တယ်။

---ဘယ်သူလဲ?

Live ထဲက တစ်ယောက်ယောက်က မေးလာတယ်။

"သူလည်း တိုက်ရိုက်လွင့်တဲ့သူပဲ၊ သူက အရင်က ငါ့ကို အများကြီး ကူညီပေးခဲ့တယ်" ချန်ယန်က အဲဒီအဖြစ်အပျက်ကို အမြဲတမ်း သတိရနေခဲ့တယ်။ ဒီရက်ပိုင်းအတွင်းမှာ တဖက်လူက သူ့သူငယ်ချင်းတွေနဲ့ ဒီမှာ လာရောက်လည်ပတ်မှာ ဖြစ်တာကြောင့် ချန်ယန်က အဲဒါကို ပေးလိုက်ဖို့ စဥ်းစားမိတယ်။ နဂါးရုပ်လေးပေးတာက တဖက်လူအတွက်တော့ သေးငယ်တဲ့ အပြုအမူလေးပါပဲ။

---ဘယ်သူလဲ? ဘယ်သူလဲ?

လူတိုင်းက ခန့်မှန်းနေကြပြီး အတော်များများက မှန်ကန်စွာ ခန့်မှန်းနိုင်ကြပေမယ့် ချန်ယန်က ပြုံးရုံလေးပဲ ပြုံးနေပြီး နာမည် အတိအကျကို မပြောခဲ့ဘူး။

ဇီဒန်းလာမယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ချန်ယန်က တစ်ညမှာ ညစာစားရင်း ရှဲ့ရန်ကို ပြောပြလိုက်တယ်။

ခရမ်းရောင် လျှပ်စီးလက်နေတဲ့ နဂါးရုပ်တစ်ရုပ်ကို တွေ့ဆံမှု လက်ဆောင်အဖြစ် တခြားသူကို ပေးမယ်လို့လည်း သူက ပြောပြလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now