Part 6 (2/2)

1.1K 162 0
                                    

အခန်း ၆ အလှလေး (အပိုင်း ၂)

လောင်းကစားရုံကနေ ထွက်လာပြီးတော့ နေ့လယ်စာ စားဖို့ အချိန်နီးနေပြီ။

အပြင်မှာ စောင့်နေတဲ့ လက်ထောက်က သူတို့နှစ်ယောက် ထွက်လာတာကို မြင်တော့ ချက်ခြင်း လှမ်းနှုတ်ဆက်ပြီး ထိုင်ခုံတွေ သီးသန့်မှာထားပြီးပြီလို့ ပြောလာတယ်။

"အဲဒီနေ့က ကိုယ်ပေးခဲ့တဲ့ ဆီမွှေးကို လိမ်းရဲ့လား" ရှဲ့ရန်က စားသောက်ဆိုင်ကို သွားနေတဲ့လမ်းမှာ ရုတ်တရက် မေးလိုက်တယ်။

ချန်ယန်ရဲ့ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်သွားပြီး ရှဲ့ရန်ကို မျက်လုံးပြူးပြူးလေးနဲ့ ကြည့်နေကာ သူ့မေးခွန်းရဲ့တိကျတဲ့ အဓိပ္ပါယ်ကို မခန့်မှန်းနိုင်ခဲ့ပေ။

"တကယ်လို့ မင်း လိုအပ်သေးရင် ဆရာဝန်ကို နောက်ထပ် ဆေးပေးခိုင်းလိုက်မယ်"

ချန်ယန်ရဲ့ရင်ခုန်သံက အနည်းငယ် ဖြည်းဖြည်းချင်း ပြန်ကျသွားတယ်။

အသံက နိမ့်နေတော့ သူနဲ့ ရှဲ့ရန်ပဲ ကြားနိုင်တယ်။

"မလိုပါဘူး၊ ကျွန်တော် ပိုကောင်းနေပြီ" လိမ်းဆေးက အရမ်းထိရောက်တယ်။ တကယ်တော့ အဓိကအကြောင်းအရင်းက သူတို့ အဲ့တာကို လုပ်တုန်းက ရှဲ့ရန်က ကြိုတင်ပြင်ဆင်မှုတွေလုပ်ပေးခဲ့လို့ပါ။ ချန်ယန်ရဲ့ နားရွက်ဖျားတွေက အနည်းငယ်နီလာပြီး ဒီအကြောင်းအရာကို လုံးဝ ဆက်မပြောချင်တော့ပါဘူး။

ကံကောင်းထောက်မစွာနဲ့ ရှဲ့ရန်က အဲ့မေးခွန်းကိုသာ မေးရုံသာ မေးခဲ့ခြင်းပင်၊ မဟုတ်ပါက ချန်ယန်က ထွက်ပြေးဖို့ အကြောင်းပြချက်ရှာတော့မှာလေ။

နေ့လယ်စာစားပြီးနောက် ရှဲ့ရန်က နေ့ခင်းဘက်မှာ လုပ်စရာ အလုပ်ကိစ္စတွေ အများကြီး ရှိနေခဲ့တယ်။ သူက ချန်ယန်နဲ့ ခဏတာ စကားပြောခဲ့တယ်။ ချန်ယန်က ထိုလူက သူ့ရှေ့ကနေ ထွက်သွားတယ်ကို ကြည့်ပြီး တစ်ဖက်က သူ့ကို ရှင်းပြရန် သေချာရရှင်းပြရန် မလိုအပ်ဘူးလို့ တွေးလိုက်မိတယ်။

ဒီအရာက တစ်စုံတစ်ခုကို ဆိုလိုချင်တာလား????

ချန်ယန်က အခန်းကို ပြန်ရောက်တော့ မျက်နှာသစ် ကိုယ်လက်ဆေးကြောရန် ရေချိုးခန်းသို့ သွားဝင်ပြီးနောက် တစ်ရေးတစ်မောအိပ်ဖို့ စဥ်းစားလိုက်တယ်။ နေ့လည်ပိုင်းမှာ သူ အွန်လိုင်းမှာ တိုက်ရိုက်ထုတ်လွှင့်မယ်လို့ သူ့ပရိသတ်တွေကို ကတိပေးထားတယ်။ သူ ဘေစင်ရှေ့မှာ ရပ်ပြီး မှန်ကို မော့ကြည့်လိုက်တယ်။ မှန်အတွင်းဘက်က မျက်နှာက နွေဦးအငွေ့အသက်တွေ ပြည့်နှက်နေပြီး ကြည့်လိုက်တာနဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေမှန်း သိသာတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now