Part 23.2

966 150 3
                                    

အခန်း ၂၃ အပိုင်း

မူလက ချန်ယန်က သူ အဲ့လို ဧရိယာပြောင်းလိုက်ရင် သူ့ပရိတ်သတ်အဟောင်းတွေက သူ့နောက်ကို မလိုက်လာလောက်ဘူးလို့ သူ ထင်ထားခဲ့တယ်။ ဒါပေမယ့်လည်း သူက သူ့ရဲ့မိုဘိုင်းလ်ဖုန်းကနေ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်ပြီးတဲ့နောက်မှာ လူတွေ တယောက်ပြီး တယောက် ရောက်လာကြတယ်။

ကင်မရာက ချန်ယန်ရဲ့သေးသွယ်ပြီး လှပတဲ့လက်တွေကိုပဲ အသားပေးဖော်ပြထားတယ်။ ပရိသတ်တွေက အဲ့လက်ကလေးတွေကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ အမျိုးမျိုးသော မြှောက်ပင့်တဲ့ စကားတွေကို စတင်လာကြတော့တယ်။

ပလက်ဖောင်းပေါ်မှာ ချန်ယန်မှတ်ပုံတင်ထားတဲ့နာမည်က 'Brick Mover No. 7' ဖြစ်ပြီး ပရိသတ်များက သူ့ကို ရှောင်ချီ ဒါမှမဟုတ် ချီချီလို့ခေါ်ကြတယ်။ သူ့ရဲ့အမည်ပြောင်ကို စခရင်ပေါ်တွင် ပြသထားတာကြောင့် ပရိသတ်တွေက သူ့ကို မြင်ချင်နေကြပြီး ကင်မရာကို နည်းနည်းမြင့်ပေးဖို့ ဝိုင်းတောင်းဆိုနေကြတယ်။

"ငါက ရုပ်ဆိုးတယ်၊ အဲ့ဒါကြောင့် ငါ့ကို မကြည့်ချင်ကြနဲ့"

--- ချီချီ၊ မင်းက ရုပ်ဆိုးတယ်ရင် ငါတို့အားလုံးက လူသားဆန်ဆန် ဖျက်ဆီးခြင်း ခံရသင့်တယ်။

----ဘာပဲဖြစ်ဖြစ် ချီချီရဲ့ လှပတဲ့ မျက်နှာလေးကို နမ်းချင်တယ်။

---- ငါလည်း နမ်းချင်တယ်လို့!

---- +၁

---- အဖွဲ့ ၅/၁၀၀

သူ့မျက်နှာကို ကင်မရာမှာ ပြပေးဖို့ လူတိုင်းက ဝိုင်းပြောနေတာကြောင့် ချန်ယန်က တွန်းလှန်လို့မရတော့ဘဲ ဖုန်းကို ဖုန်းဒေါက်တိုင်ကနေ ဖြုတ်ယူလိုက်ပြီး တစ်စက္ကန့် နှစ်စက္ကန့်လောက် သူ့ဘက်ကို လှည့်ပြလိုက်တယ်။

သူဖုန်းကို ပြန်ထားလိုက်တဲ့အချိန်အထိ ဘယ်သူကမှ အကြောင်းမပြန်ကြပေမယ့် ခနနေတော့ လူအုပ်ကြီးက အော်ဟစ်နေကြတော့တယ်၊ ချန်ယန်ရဲ့ပါးစပ်ထောင့်မှာ နွေးထွေးတဲ့ အပြုံးလေးတစ်ခုပေါ်လာပြီး သူက ရောင်စုံရွှံ့စေးတွေကို စတင် ဆုပ်နယ်နေလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now