《31》

1.3K 36 0
                                    

"ဟေ့ကောင်! ရွှေထုပ်အခုပေး
မဟုတ်လို့ကတော့ မင်းတို့ကိုသတ်ပြီးယူရလိမ့်မယ်"

စံမောင်လှည်းပေါ်ကခုန်ဆင်းလိုက်ကာ
"မင်းတို့ကဘာမို့လို့ ကျုပ်ကဂရုစိုက်နေရမှာလဲ !" ဟုဒေါသတကြီးစကားဆိုလိုက်သည်

စံမောင့်စကားကြောင့်ဓါးပြတွေက ရှုး​ရှုးရှဲရှဲဖြစ်ကုန်ကြကာ
လှည်းကိုဝိုင်းလိုက်ကြသည်

"သား! အမေတို့ပေးလိုက်ကြရအောင်လေ"

ဒေါ်မယ်တင့်မှာအတော်လေးလန့်သွားရကာတစ်ကိုယ်လုံးတုန်နေတော့သည်

" အမေဒါကျုပ်တို့အလျူလုပ်ဖို့ရည်ရွယ်ထားတာ
သူတို့ကိုမပေးနိုင်ပါဘူး....
ဟေ့ကောင်တွေသတ္တိရှိရင်ငါ့လာချ"

"တော်တော်ဂျိုကြွနေတယ်ပေါ့လေ
သေပေတော့!"

ဓါးပြတွေဟာသည်းမခံနိုင်တော့ဘဲ စံမောင့်ကိုတုတ်ဓါးတွေနှင့်ဝင်ရိုက်တော့သည်
အတိတ်မေ့နေရင်တောင်အရင်ကဇကကျန်သေးတာမို့ စံမောင်ဒီလူလေးဦးကိုခုခံနိုင်သည်

တစ်ဖက်ကတုတ်ဓါးတွေနှင့်မို့ ဒေါ်မယ်တင့်မှာသားအတွက်စိတ်ပူပြီး
ဘုရားတနေရတော့သည်
အပိုင်ဟာလည်းမနေသာတော့ပဲ လှည်းပေါ်ကဆင်းကာနီးရာခဲကိုကောက်ကိုက်လိုက်ပြီး
ဓါးပြတစ်ယောက်ကိုဝင်ထုလိုက်တော့သည်

"အပိုင်သတိထား! ခွပ် အာ့!"

အပိုင်ဆီစိတ်ရောက်သွားသည့်စံမောင်သည် ဓါးပြတစ်ယောက်ရဲ့တုတ်နဲ့ဦးခေါင်းကိုရိုက်မိသွားတာကြောင့်
မူးနောက်သွားရသည်
အပိုင်ချစ်ရသူအထိနာသည့်ကာ ဒေါသတွေထိန်းမရတော့ပဲ
ဓါးပြပြုတ်ကျသွားတဲ့တုတ်ကိုကောက်ကာ ရမ်းသမ်းလိုက်ရိုက်တော့သည်

"ဟို! နားမှာပြသနာဖြစ်နေတယ် လာလာသွားကူကြရအောင်"

မြို့ကပြန်လာပုံရသည့်လှည်းနှစ်စီးဟာအပိုင်တို့ပြသနာဖြစ်နေတာကိုမြင်ပြီး
ဝင်ကူညီပေးကြတော့သည်
ထိုအခါ ဓါးပြသုံးဦးဟာအလန့်တကြားထပြေးတော့သည်
အပိုင်ခဲနဲ့ထုထားလို့သတိလစ်သွားတဲ့ ဓါးပြတစ်ဦးသာထွက်မပြေးနိုင်ဘဲကျန်ရစ်ခဲ့သည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now