《16》

1.3K 50 0
                                    

"မေတ္တာတွေဒီလောက်ပေါနေရင်အရပ်ရှစ်မျက်နှာမေတ္တာထိုင်ပို့နေ
ကျုပ်လူဆီလာမရှုပ်နဲ့"

စံမောင့်ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားပြီးအပိုင်ခါးအားဖက်လိုက်သည်
မျက်နှာကတော့လွန်စွာမာတင်းနေလျက်ပေါ့

အပိုင်ကိုစိတ်မချလို့တစ်ချိန်လုံးသူရိပ်တကြည့်ကြည့်နေတာ
ဟိုကောင်အပိုင့်ကိုအသားယူတာသူအစအဆုံးမြင်တယ်

ဟန်သာကလည်း အပိုင့်ခါးမှစံမောင့်လက်ကိုကြည့်ပြီး
အံတင်းတင်းကြိတ်လိုက်သည်
သူဟာဘယ်သူနဲ့ပဲရှုပ်ရှုပ် ဘာပဲလုပ်လုပ်အပိုင်ဟာအမြဲသူ့အပိုင်ဖြစ်နေရမယ်လို့ခံယူထားတာ

"မင်းကဘယ်သူလဲ"

" သူ့လင်..."

"လာနောက်နေတာလား...."

"ဟ! ကျုပ်တို့လက်ထပ်ထားတာတစ်ရွာလုံးသိတယ်..."

အချေအတင်ဖြစ်နေကြတာကြောင့် လူအများကအပိုင်တို့ကိုအာရုံစိုက်လာကြသည်
အပိုင်မှာပြသနာအကြီးအကျယ်တက်မှာဆိုးလို့သူ့ခါးကစံမောင့်လက်ကိုကိုင်ကာ
"ငါတို့ပြန်ရအောင်" ဟုခပ်တိုးတိုးပြောလိုက်သည်

"ဘာတွေဖြစ်နေကြတာလဲ..."

ဆရာတော်ကရုတ်ရုတ်သဲသဲအခြေအနေကြောင့်အနားကိုကြွလာကာမေးမြန်းလေတော့သည်

"ဒီကောင် ကျုပ်လူကိုကြောင်တောင်နှိုက်ဖို့ကြိုးစားနေတာ"

"ဒကာလေးအထင်လွဲစရာတစ်ခုခုရှိတယ်ထင်တယ်
ဟန်သာကဆရာတော့်တူပါ "

"ကျုပ်အထင်လွဲတာမဟုတ်ဘူး ဒီကောင်ကကျုပ်လူကိုမေတ္တာရှိတယ်လို့ပြောနေတာသေချာကိုကြားတယ်"

ဒကာလေးစံမောင်ကဆိုးနေမိုက်နေပါစေ ဘယ်တော့မှလိမ်မပြောဘူးဆိုတာဆရာတော်သိသည်
ဒါကြောင့်တူဖြစ်သူမျက်နှာအားအကဲခတ်ကြည့်လိုက်သည်
တူဖြစ်သူမျက်နှာထက်မှာ ဒကာလေးအပိုင်အပေါ်လိုချင်လောဘတွေကိုတွေ့မြင်နေရသည်
ဘယ်သူ့အမှားလည်းသိသွားပေမဲ့ ပြသနာမတက်အောင်ထိန်းမှဖြစ်မှာမို့

"ဒကားလေးစိတ်လျှော့ပါ ဆရာတော်မျက်နှာကိုထောက်ပြီး
ပြသနာကိုဒီမှာတင်ရပ်တန့်ပေးဖို့တောင်းဆိုပါတယ်"

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now