《18》

1.2K 38 0
                                    

"သားပိုင်! သားပိုင်"

ဝိုင်းဝကခေါ်သံကြောင့်အပိုင်ချက်လက်စဟင်းအိုးကိုမီးဖိုပေါ်မှချကာ
အိမ်ရှေ့သို့ ကပျာကယာထွက်လာခဲ့လိုက်သည်

"အရီးဘာဖြစ်လို့တုန်းဗျ"

"စံမောင်ပေါ့ဆရာတော့်တူကိုထိုးကြိတ်နေလို့ဘယ်သူမှဆွဲမရဘူး
သားပိုင်ကူမှရမှာ"

အပိုင်စိတ်ထဲထိတ်ကနဲဖြစ်သွားသည်
အတန်တန်ပြောထားရဲ့နဲ့ဒီကောင်စံမောင်ကတော့ကွာ

"လာလာအရီး သွားကြရအောင်"

အပိုင်ခြေလှမ်းကျဲကြီးတွေနှင့် ရန်ဖြစ်နေသည်ဆိုသော
နေရာကိုခပ်သွက်သွက်လျှောက်သွားလိုက်သည်
သူရောက်ချိန်မှာတော့ရန်ပွဲကပြီးသွားပြီဖြစ်သည်

သူကြီးဦးစံခိုနဲ့ ရွာသားနှစ်ယောက်က စံမောင့်ကိုဝိုင်းထိမ်းထားကြသည်
တစ်ချို့ရွာသားတွေကမျော့မျော့သာကျန်တော့သည့်ဟန်သာကိုတွဲကူထားကြသည်

"လွှတ်စမ်း! ကျုပ်ကိုလွှတ် အဲ့ကောင်ကိုကျုပ်အသေသတ်မယ်
မင်းကဘာစောက်ဆင်းရှိလို့ငါ့လူကိုထိပါးရဲတာလဲ"

"ဟိတ်ကောင်! မင်းကိုတော်တော့လို့ပြောနေတယ်နော်"

"မတော်နိုင်ဘူး ကျုပ်အဲ့ကောင်ကိုသေအောင်သတ်မှာအဘ"

အပိုင်ဝိုင်းကြည့်နေတဲ့လူအုပ်ကြားထဲကတိုးထွက်ပြီးစံမောင်ရှေ့မှာခြေစုံရပ်လိုက်သည်
ဒေါသတကြီးသောင်းကျန်နေတဲ့စံမောင်ကအပိုင့်ကိုမြင်တော့အနည်းငယ်ငြိမ်ကျသွားသည်

"သူကြီး သူ့ကိုထိပ်တုံးခတ်ထားလိုက်ပါ
ကျွန်တော်ဟန်သာကိုတောင်းပန်လိုက်ဦးမယ်"

"အေးအေး"
ဦးစံခိုက အနည်းငယ်ငြိမ်နေသည့်စံမောင့်ကိုဆွဲခေါ်သွားဖို့လုပ်သည်

" ပိုင်! မင်းသူ့ကိုတောင်းပန်စရာမလိုဘူးအဲ့ကောင်နဲ့မတန်ဘူး"

"တိတ်စမ်း! အသာတကြည်လိုက်သွား
ခနနေမင်းနဲ့ကိစ္စကိုရှင်းရမယ်"

စံမောင်ဆက်အထွန့်တက်ချင်သေးပေမဲ့  အပိုင်မျက်နှာဟာလွန်စွာမာတင်းနေတာကြောင့်
အသာတကြည်လိုက်သွားရုံသာတတ်နိုင်တော့သည်
စံမောင်ထွက်သွားပြီးမှ ရွာသားတွေတွဲထားတဲ့ဟန်သာဘက်သူလျှောက်သွားသည်
ဟန်သာကလူရုပ်မပေါ်အောင်ထိုးကြိတ်ခံထားရပေမဲ့ သတိတော့မလစ်သေးဘူး

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now