《28》

1.2K 42 0
                                    

"ရေစည်တိုက်ဖို့အတွက်ကလူ၃ဦးလေးဦးလိုတယ်.."

"ကျုပ်တို့၃ယောက်လုပ်မယ် "

တာဝန်အသီးသီးခွဲပြီးနောက်မြို့မှာလိုအပ်သည့်ပစ္စည်းသွားဝယ်ဖို့သာကျန်​တော့သည်

"မြို့သွားဖို့ကတော့ကျုပ်တာဝန်ယူတယ်..."

"ဖြစ်ပါ့မလားအမောင်ရယ်"

"အပိုင်ရာ ကျုပ်ကအတိတ်မေ့သွားရုံပါ
မထူနိုင်မထနိုင်ဖြစ်နေတာမဟုတ်ဘူး..."

"ဟုတ်ပါပြီ ...
မင်းမြို့မှာပစ္စည်းပစ္စယသွားဝယ်မယ်ဆိုရင်တော့ ငါပါလိုက်ခဲ့မယ်"

"အပိုင့်သဘော..."

အပိုင်တစ်ချက်ပြုံးလိုက်ပြီး
အရီးမယ်ခတို့ကိုကြည့်ကာ

"အရီးတို့ မြို့ကနေကျုပ်တို့ဝယ်ရမဲ့ပစ္စည်းတွေစာရင်းလုပ်ထားပြီးသားလား..."

"ပြီးပြီသားပိုင်....
ဒီမှာ ..သိပ်တော့မများဘူး "

"ဟုတ်ကဲ့
ဒါဆိုကျွန်တော်တို့အခုဘဲသွားလိုက်ပါ့မယ်..."

မြို့ကိုအသွားအပြန် ၄နာရီခွဲလောက်ကြာမှာမို့ မိုးမချုပ်စေရန်
ခပ်မြန်မြန်လှည်းကောက်ပြီးထွက်ခဲ့ကြတော့သည်
မြို့ကိုရောက်တာနဲ့အချိန်မဆိုင်းပဲအရီးတို့မှာသမျှပစ္စည်းတွေကို
အစုံလိုက်ဝယ်ရသည်

ပစ္စည်းအစုံဝယ်ပြီးချိန်မှာတော့ညနေ၃နာရီပင်ထိုးလုပြီ

"ဟဲ့! နွား"

"အမောင်ဘာဖြစ်တာတုန်း"
လှည်းအားရပ်လိုက်တာမို့ အပိုင်ကစိုးရိမ်တကြီးမေးလိုက်ခြင်းဖြစ်သည်

"ကျုပ်ကလေးငိုသံကြားတယ် အပိုင်
နားစွင့်ကြည့်ပါဦး..."

အမောင်ပြောမှအပိုင်သတိထားမိသည်
အနီးအနားမှာ အူဝဲ အူဝဲ နဲ့ကလေးငိုသံကိုကြားနေရသည်

"ဟုတ်သားဘဲ
ကဲအမောင်ကျုပ်တို့ကလေးကိုလိုက်ရှာကြည့်ရအောင်"

လှည်းပေါ်ကဆင်းပြီးလှည်းလမ်းဟိုဘက်ဒီဘက်မှာလိုက်ရှာလေတော့
လူကြီးသုံးဖက်စာလောက်ရှိတဲ့အဓိကရညောင်ပင်ကြီးအောက်မှာအနှီးဝါကျင်ကျင်လေးနဲ့
ထုပ်ထားတဲ့ကလေးလေးကိုတွေ့လိုက်ရသည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now