《23》

1.3K 40 0
                                    

သူတို့အညာမှာနွေရာသီ၌ပျော်စရာဓလေ့တစ်ခုရှိသေးသည်
အဲ့တာကတော့ ညနေနေဝင်ကာနီးအချိန်မှာလူစု၍လက်ပံပွင့်ကောက်ကြတာဖြစ်သည်
လက်ပံပွင့်ကောက်သူတွေမှာမိန်းမပျိုတွေဖြစ်ကြပြီး
ကလသားတွေကတော့သီချင်းလေးညည်းရင်း လူပျိုလာလှည့်တာဖြစ်သည်

နွေမိန်တပေါင်းနွေရှိန်လောင်း ရွက်ဟောင်းကြွေကျမြေခခဲ့ပြီကွယ်"

မိန်းမပျိုတွေကလည်းသီချင်းလေးဆိုကာပျော်ပျော်ပါးပါးလက်ပံပွင့်ကောက်ကြသည်
လူပျိုကြီးသိန်းထင်ဆွဲခေါ်လို့အပိုင်လက်ပံပွင့်ကောက်တဲ့နေရာဆီပါလာသည်

စံမောင်မြို့တက်သွားလို့ သိန်းထင်ကသူ့ကိုဒီနေရာခေါ်လာရဲတာဖြစ်သည်

"အပိုင်ငါဟိုနားသွားလိုက်ဦးမယ်..."

သိန်းထင်လက်ညှိုးထိုးပြတဲ့ဘက်လှမ်းကြည့်လိုက်တော့
ရယ်မောနေသည့်ညိုချောလေးကိုတွေ့လိုက်ရသည်
အပိုင်အဓိပ္ပါယ်ပါပါ ပြုံးလိုက်ရင်း
"သဘောကျနေတယ်ပေါ့" ဟုစလိုက်သည်

"ဟဲဟဲ ထားကြည်ကိုငါအခုမှသဘောကျတာမဟုတ်ဘူးဟ
လူပျိုဖြစ်ကတည်းကကိုသဘောကျတာ..."

"ဟုတ်ပါပြီ..သွားသွား အောင်လက်မှတ်ရဖို့သွားကြိုးစား"

အပိုင်ခပ်လှမ်းလှမ်းမှာသာနေရစ်ခဲ့ပြီးပျော်ပါးနေတဲ့သူတွေကိုငေးနေလိုက်သည်

"ကိုစံမောင့်အမျိုးသားမလား"

ပုခုံးကိုအပုတ်ခံလိုက်ရလို့ လှည့်ကြည့်လိုက်တော့ချွေးသီးချွေးပေါက်တွေကျကာမောဟိုက်နေသည့်အမျိုးသားတစ်ဦးကိုတွေ့လိုက်ရသည်
သူဒီလူကိုမြင်ဖူးသလိုရှိပေမဲ့မမှတ်မိဘူး

"ဘယ်သူလဲမသိဘူး"

"ကျုပ်ကဒီရွာသားတစ်ယောက်ပါဘဲ အခု...အခုလေ ကိုစံမောင်မြို့ကအပြန်ရွာထိပ်မှာဓါးထိုးခံလိုက်ရလို့!"

အပိုင်သူ့ရင်ဘက်သူဖိကာအသက်ဝဝရူလိုက်ပြီး မယုံသလိုထပ်မေးလိုက်သည်

"မင်းဘာပြောလိုက်တာ..."

"ကိုစံမောင်မြို့ကအပြန်ရွာထိပ်မှာဓါးထိုးခံလိုက်ရလို့!
အခုသူကြီးတို့လည်းရွာထိပ်ကိုသွားကြပြီ အရီးမယ်တင့်ကဒီကအကိုကိုပါခေါ်ခိုင်းလို့..."

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now