《29》

1.2K 37 1
                                    

စံမောင်မင်္ဂလာအိမ်အတွက်ပစ္စည်းတွေသေချာနေရာထားပေးပြီးနောက်
အိမ်သို့ခပ်မြန်မြန်ပြန်ခဲ့လိုက်သည်
အိမ်ပေါ်စတက်ကတည်းကကို အမေနဲ့အပိုင်ရဲ့ ကလေးချော့မြှူသံတွေကိုအတိုင်းသားကြားနေရတာမို့
သူမှာပြုံးမိပါသေးသည်

"အမေ အဘရောမမြင်ပါလား"

"နင့်အဘဆရာတော်ဆီ ရွာဦးစေတီပြုပြင်ဖို့ကိစ္စဆွေးနွေးရအောင်သွားတယ်
ညနေ၃ချက်တီးလောက်ကတည်းက..."

အမေကသူအမေးကိုပြန်ဖြေပြီတာနဲ့ကလေးလေးကိုဝူးဝူးဝါးဝါးနဲ့
စကားတွေပြောပြန်သည်
အမေနဲ့အပိုင်ရဲ့အပြုံးတွေမြင်ရတော့
ဒီကလေး​လေးဟာဆည်းလည်းလေးပါလားဟာသူတွေးမိသွားသည်

"မယ်တင့်နင်ချီထားတာဘယ်သူ့ကလေးကြီးတုန်း"

ဦးစံခိုမှာဇနီးလက်ထဲကကလေးကိုမြင်တော့ တအံ့တသြမေးလိုက်ခြင်းဖြစ်သည်
သူတို့ရွာမှာဒီအရွယ်ကလေးမရှိဘူးလေ

"ဦးစံခို တော်ပြန်လာပြီလား
လာလာဒီကလေးကိုလာကြည့်ကြည့် ချစ်စရာကြီးပါတော်..."

"ဟာ ဟုတ်သားဟ တစ်လုံးတစ်ခဲကြီးပါလား"

မျက်လုံးဝိုင်းဝိုင်းပါးဖောင်းဖောင်းကြီးတွေကအသဲယားစရာကြီးတွေမို့
ဦးစံခိုမှာ ကလေးလေးပါးကိုခပ်ဖွဖွညှစ်လိုက်တယ်
အကြမ်းကြီးညှစ်တယ်ဆို ကလေးက သရေအိတ်ပေါက်ပြီးအမြဲသရေကျနေတတ်တယ်

"ဒါတော့်မြေးလေ..."

"ဟေမင်းနောက်နေတာလား"

"နောက်စရာလား ဒါတော့်သားနှစ်ယောက်မွေးစားထားတဲ့ကလေး
တော့်မြေး"

"မဆိုးဘူးဟ ငါဒီတစ်သက်မြေးမချီရတော့ဘူးမှတ်နေတာ"

"ဟုတ်ပါ့တော်ရေ
ဒါနဲ့ကလေးကိုဘာနာမည်ပေးကြမှာတုန်း"

"အင်းငါ့သားနာမည်ရောငါ့သားမက်နာမည်ရောပါအောင်စံပိုင်လို့ပေးကွာ ..."

"မဆိုးဘူး ဒီနာမည်အရမ်းကောင်းတယ်
သားတို့ရောသ​ဘောကျရဲ့လား"

အပိုင်တို့နှစ်ဦးသားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက်
ပြုံးကာခေါင်းငြိမ့်ပြလိုက်သည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Où les histoires vivent. Découvrez maintenant