《30》

1.2K 33 0
                                    

"အပိုင်ရေ! အပိုင်ရေ"

"ဟဲ့စံမောင် အိမ်ပေါ်တောင်ခြေမချရသေးဘူး
ဘာလို့သားပိုင်ကိုတကြော်ကြော်ခေါ်နေတာတုန်း! "

ယာထဲကပြန်လာတာနဲ့ လင်ဖြစ်သူကိုတကြော်ကြော်အော်ခေါ်နေတဲ့သားကို
ဒေါ်မယ်တင့်နည်းနည်းမှကြည့်မရတော့ပေ
လက်ထဲမှာကလေးမချီထားပါကနီးရာနဲ့ကောက်ပေါက်မိမှာဖြစ်သည်

"အမေအပိုင်ရောဗျ"

"စံမောင်ရေ နင့်ယောက်ျားဘယ်မှမပြေးဘူး
အရင်ရေလေးဘာလေးသောက်ပြီးအမောဖြေပါဦးလား "

"ကျွန်တော်အရေးတကြီးပြောစရာရှိလို့ပါဗျာ "

"ဒါဆိုရင်တော့ခနစောင့်ဦး
သားပိုင် သိန်းထင်တို့မင်္ဂလာအိမ်မှာကူပြီးသိမ်းဆည်းပေးနေတယ် မကြာခင်ပြန်လာတော့မှာ"

"အော် ဒါဆိုလည်းကျုပ်ရေအရင်ချိုးထားလိုက်မယ်"

"နေပါဦး အရေတကြီးကိစ္စကဘာတုန်း"

"မိသားစုဆုံမှပြောတော့မယ်အမေရေ..."
ထထွက်သွားတဲ့သားကိုဒေါ်မယ်တင့်မျက်စောင်းလှမ်းထိုးလိုက်သည်
အဘယ်ကိစ္စမလို့ သူတို့ကိုအရင်မပြောပြနိုင်ရတာတုန်း ဟမ့်!

စံမောင်ရေမိုးချိုးပြီးတော့အပိုင်ကပြန်ရောက်နေပြီ
ညစာစားသောက်ပြီးမိသားစုတွေအကြမ်းရေသောက် စကားစမြည်ပြောကြတဲ့အချိန်မှ
သူရဲ့အရေးတကြီးပြောစရာကိစ္စဆိုတာကိုဖွင့်ပြောဖြစ်တော့သည်

"သားညနေကမိသားစုကိုပြောစရာရှိတယ်ဆို..."

"ဟုတ်တယ် ဟုတ်တယ်
အဲ့တာကကျုပ်ယာထဲကနေရွှေတူးမိလို့ဗျ..."

"ဟေ..."

အပိုင်တို့သုံးဦးမှာသူတို့များနားကြားမှားလေသလားဟုတွေးကာ
ပြန်မေးလိုက်ကြသည်

"အခုဘာပြောလိုက်တာ"

"ကျုပ်ယာထဲကရွှေတူးမိလာတယ်လို့ပြောတာ
နေဦး ကျွန်တော်ပြမယ်..."

စံမောင်အခန်းထဲ ခပ်သွက်သွက်သွားပြီး
ခပ်သွက်ပြန်ထွက်လာသည်
သူလက်ထဲမှာတော့ပုဆိုးထုပ်ကလေးတစ်ထုပ်ပါလာသည်

အပိုင်တို့ထိုအထုပ်ကလေးကိုစိတ်ဝင်တစားကြည့်ရှုနေတုန်းမှာပဲ
စံမောင်ကစားပွဲပေါ်အထုပ်ကလေးတင်ပြီး ဖွင့်ဟပြလေသည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now