《7》

1.5K 58 0
                                    

အပိုင်အချစ်ကိုရဖို့ဒုတိယခြေလှမ်းမှာ
အပိုင်အိမ်ရှေ့သီချင်းသွားဆိုရန်ဖြစ်သည်

စံမောင်ပုဆိုးအသစ်လေးထုတ်ဝတ်ကာ
လည်ကတုံးလက်ရှည်ကိုခေါက်တင်လိုက်သည်
ပြီးတာနဲ့ဆံပင်တိုတိုကိုဆီရွှဲအောင်လူးပြီးရှိုးစမိုးနဲ့အပိုင်တို့အိမ်သို့ထွက်လာခဲ့လိုက်သည်

"စိတ်မဆိုးနဲ့နော် ခွင့်လွှတ်ပါကွယ် ကိုယ်ရိုင်းနေရင်
ကိုယ့်စိတ်ကအရင်ဒီလိုမဟုတ်ဘူးကွယ် မင်းနဲ့မှ
ပြောင်းလဲကုန်ပြီ ...

အားလုံးလည်းငါမယုံနိုင်
မင်းလေးကိုဘယ်သူ့မှမပေး....မပေးမပေးနိုင်ဘူး

မင်းငါ့အသည်းငါ့အချစ်ပဲ
မင်လေးဟာငါ့အတွက်ပဲ လွန်တယ်လို့မင်းထင်လား...

အဘိဓမ္မတရားမှာ
အချစ်မှာနှေးကန်ရင် ခံသွားနိုင်တယ်

တစ်ယောက်ယောက်ကဝင်လာပြီး လုသွားမှာလည်း
ဒီကောင်လေးကြောက်နေသည်

ချစ်တဲ့သူမင်းဟာလည်းဘုရားပေးတဲ့ဆုပါဘဲ
အိုး...မရှိမဖြစ်ဘူး..."

ဝိုင်းရှေ့ကနေ ရင်ဂို၏ဆုသီချင်းကိုစည်းချက်ချက်ကျကျအော်ဆိုနေသည့်
စံမောင့်အသံကို အိမ်ထဲမှအပိုင်အတိုင်းသားကြားနေရသည်
စိတ်ဆိုးဆိုးနဲ့ထမောင်းထုတ်ဖို့လုပ်တော့ ဦးသိန်းတန်တို့ကဝိုင်းတားကြသည်
ဒါဟာရွာဓလေ့လူပျိုလှည့်တာဖြစ်တဲ့အတွက် စိတ်လျှော့ဖို့ဖျောင်းဖျကြသည်

သီချင်းတစ်ပုဒ်ပြီးသွားသည့်အခါ
စိုးပိုင်ရဲ့စိတ်ကူးလေးရွက်လွှင့်မယ်  သီချင်းသို့ကူးသွားလေသည်

"မချစ်တတ်သေးတဲ့ငနဲကိုများအရူးမူးဖြစ်အောင်လုပ်တာလား
မငဲ့ကွက်တော့ပါသိက္ခာတရား....  ချစ်ခွင့်တောင်းမယ် "

ဒီတစ်ခါတော့အပိုင်သည်းမခံနိုင်တော့ပေ
မိန်းမပျိုမဟုတ်ပါဘဲနဲ့ အခုလိုလူပျိုအလှည့်ခံရတာကသူ့ကိုရှက်ရွံ့စေသည်
ဒါကြောင့်ခြေတံရှည်လှေကားဘေးမှာထောင်ထားသည့်
ထန်းလက်တံမြတ်စည်းကိုယူကာဘောက်ဆက်ဆက်နဲ့ဝိုင်းရှေ့ထွက်လာခဲ့သည်

စံမောင်မှာ ဝိုင်းထဲကထွက်လာသည့်အပိုင်ကိုမြင်သည့်အခါအားတက်သွားပြီး
သီချင်းကိုခပ်ကျယ်ကျယ်လေးညည်းလိုက်သည်
ဘယ်သူထင်မှာလဲ အပိုင်ကပါလာသည့်တံမြတ်စည်းနဲ့သူ့ခြေသလုံးကိုရိုက်လိမ့်မယ်လို့

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now