《12》

1.4K 46 0
                                    

မကြားဝံ့မနာသာကိစ္စဖြစ်ပျက်ခဲ့ပြီးတော့
ဘုရားပွဲမှာသူ့ဆက်မနေတော့ဘဲ ရွာကိုပြန်ပြေးခဲ့သည်

အရီးကလည်းသူတို့နှစ်ယောက်ကြားထဲကကိစ္စကိုရိပ်ဖမ်းမိပုံပင်
တားမြစ်ခြင်းမရှိဘဲ အသာတကြည်ပြန်လွှတ်တယ်

သူပြန်တာနဲ့စံမောင်ပါလိုက်ပြန်ပြီး
လက်ထပ်ဖို့အရေးနားပူနားဆာလုပ်တော့သည်
သူတင်မဟုတ် သူ၏မိခင်ဒေါ်မယ်တင့်ကပါအပိုင်ဆီကိုချောင်းပေါက်မတတ်လာပြီး
သူ့သားအားလက်ထပ်ယူဖို့တိုက်တွန်းတော့သည်

နှစ်ဦးသားလွန်ကျူးပြီးတဲ့ကိစ္စဟာလည်းပြန်ပြင်လို့မရတော့တဲ့အတွက်
လက်ထပ်ထပ်ဖို့ကိစ္စကိုအပိုင်သဘောတူလိုက်ရတော့သည်

မင်္ဂလာကိစ္စကိုအရီးမယ်ခတို့ပြန်လာမှတိုင်ပင်ပြီး ခမ်းခမ်းနားနားစီစဥ်ကြသည်
စံမောင်မှာလိုချင်တာရသည့်ကလေးကိုတပြုံးပြုံးဖြစ်နေသော်လည်း
အပိုင်ကတော့ရှေ့ဆက်ရမည့်အရေးရင်လေးနေမိတယ်

"ပိုင်...မနက်ဖြန်ကိုယ်တို့မင်္ဂလာနေ့လေ မပျော်ဘူးလား"

"အဖြေသိပြီးသားမေးခွန်းကိုထပ်ကာထပ်ကာမေးနေရတာတုန်း"

သူ့စကားကြောင့်စံမောင်မျက်နှာကွက်ကနဲပျက်သွားတယ်
သို့သော်ချက်ချင်းပြန်ပြုံးကာအပိုင်လက်ကလေးကိုဆုပ်ကိုင်လာတယ်

"မောင့်ကိုလက်ထပ်ရလို့ ပိုင်နောင်တမရစေရဘူး
အရာအားလုံးပိုင်သဘောတိုင်းဖြစ်စေရမယ်
အရက်သေစာသောက်စားတာတွေမူးရူးရမ်းကားတာတွေကိုလည်း
ဘယ်တော့မှမလုပ်တော့ဘူးလို့ကတိပေးပါတယ်"

"လူတွေရဲ့မကောင်းတဲ့အကျင့်တွေကပြင်ရအခက်ဆုံးဘဲ
ငါမင်းကိုဘယ်လိုယုံရမှာလဲ"

"မောင့်စကားတွေမှန်ကန်ကြောင်းအချိန်ကသက်သေပြပေးပါလိမ့်မယ်
အခုတော့မောင့်ကိုကြည်ဖြူပေးပါပိုင်ရယ်...."

သူ့စိတ်ကစံမောင့်ကိုယုံကြည်နေဖို့တိုက်တွန်းနေတာကြောင့်
အပိုင်ခေါင်းငြိမ့်မိလိုက်လား ခေါင်းခါမိလိုက်လားကိုယ်တိုင်တောင်မသိလိုက်ဘူး

_______________________

မင်္ဂလာပွဲနေ့လာသမျှဧည့်သည့်စံမောင်ကကြည့်ဒိုင်ခံဧည့်ခံသည်
ပြုံးနေသည့်အပြုံးကြီးဟာလည်း ပါးစပ်နားရွက်တက်ချိတ်မတတ်ဖြစ်နေတာမို့
အလွန်အမင်းပျော်ရွှင်နေမှန်းသိနိုင်သည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now