-WRONG-

2.5K 301 88
                                    

Unicode ✅

-WRONG-

မသတီစရာ အနံ့တွေ။

နှာခေါင်းထဲ ပတ်ပတ်လည်ပြေးနေတဲ့ ဒီအနံ့တွေက ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲ။ မျက်စိရှေ့မှာ မြင်နေရတဲ့ လူတွေ၊ သူတို့ရဲ့ အစုတ်အပြတ် အဝတ်စားတွေ၊ သူတို့ရဲ့ အဆင့်အတန်းမရှိ အပြုမှုတွေ၊ အားလုံးက မသတီစရာတွေကြီးပဲ။

ဒီလိုနေရာမျိုး သူ့အကျိုးစီးပွားအတွက်သာ မဟုတ်ရင် ယောင်လို့တောင် ခြေဦးမလှည့်ဘူး။ ဒီနေရာမှာ တစ်နာရီလောက် ရှိနေလိုက်ရုံနဲ့ ရလာမဲ့ အကျိုးအမြတ်တွေက သူ့အတွက် ကြီးလွန်းလို့သာ ဒီနေရာမှာ သူဆက်နေနေတာ။

နှင်းဆီ အနံ့တွေလား။ ပြင်းရှပြီး လူကိုယစ်မူးစေတယ်။ မကြိုက်ဘူး။ ဘာလို့ ဒီနေရာမှာ အားလုံးရဲ့ အနံ့တွေ အကုန်လုံးက အော့အန်ချင်စရာ ကောင်းနေရတာလဲ။ ပြီးတော့ ဈေးပေါတယ်။ အလွယ်တကူ ထုတ်လွှတ်နေကြတာ လမ်းဘေး တိရစ္ဆာန်တွေလိုပဲ။

အလေအလွင့်တွေ။

“‌မင်းရဲ့အစုတ်အပြတ်အနံ့နဲ့အတူ ငါ့အနားကနေ လစ်လိုက်တော့”

“ကိုယ့်အနံ့က အဲ့ဒီလောက်လည်း မဆိုးပါဘူး မင်းသေချာ မစစ်ဆေးကြည့်လို့နေမယ်”

“စစ်ဆေးဖို့ မပြောနဲ့ ဒီတိုင်း နှာခေါင်းထဲ ဝင်လာတာနဲ့တင် အန်ချင်စရာကောင်းနေပြီ”

“မင်းလိုကောင်ကများ!”

“Hah! အုပ်စုလိုက်ကြီးပါလား မင်းယောင်္ကျားစစ်ဆို တစ်ယောက်ချင်း လာလေ”

ဘေးမှာကြားနေရတဲ့ ရန်ပွဲက အခြေအနေ သိပ်တော့မဟန်ဘူး။ ‌ပိုက်‌ဆံသာ ချမ်းသာပြီး အဆင့်အတန်းမရှိတဲ့ ဘယ်ကအောက်တန်းစားတွေ ဒီပါတီကိုရောက်နေရတာလဲ။

တစ်ဖက်က ခံနေရတဲ့ ချာတိတ်ကို ကြည့်ရတာလည်း ခေသူတော့မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဒီလို အစုတ်အပြတ် အယ်ဖာကောင်တွေ အဖွဲ့နဲ့ယှဉ်ရင်တော့ ဒီပွဲမှာ အဲ့ဒီချာတိတ် အကွဲနဲ့အပြဲပဲ။

“ထွီး!”

ပါးစပ်ထဲက ထွက်လာတဲ့ သွေးတွေကို ထွေးထုတ်ကာ ထပ်ချဖို့ပြင်တဲ့ ဒီချာတိတ် အထင်သေးလို့ မရဘူးဘဲ။ ဟိုအဆင့်မရှိ အယ်ဖာကောင်တွေသာ အုပ်စုဖွဲ့ အနိုင်ကျင့်နေတာ ရှက်ဖို့ကောင်းပြီး အောက်တန်းကျလွန်းတယ်။

// 𝗧𝗮𝗲𝗸𝗼𝗼𝗸 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //Where stories live. Discover now