Teacher & Boyfriend

4.6K 280 52
                                    

Unicode ✅

“Teacher & Boyfriend”

“ကျောင်းဝန်းထဲ တစ်ပတ်ပြေးပြီးမှ အခန်းထဲဝင်ခဲ့”

အခန်းထဲခြေချလိုက်ကတည်းက ကြားလိုက်ရတဲ့ စကားသံကြောင့် သူအလိုလိုမျက်မှောင်ကြုတ်ပြီးသား။ ဘာကြောင့် ဒီဆရာကသူ့ကို ဒီလောက်ထိ အမြင်မကြည်ဖြစ်နေရတာလဲ။ နားကိုမလည်နိုင်ဘူး။

စတွေ့ကတည်းက တစ်မျိုးပြီးတစ်မျိုး သူကိုအပြစ်ဒဏ်တွေ ခတ်နေပုံက မသိရင် အညှိုးကြီးကြီးနဲ့ နှိပ်စက်နေသလိုပဲ။ အခုလည်း စာသင်ခန်းထဲ နှစ်မိနစ်လေး နောက်ကျမိပါတယ်။ ကျောင်းဝန်းထဲပတ်ပြေးတဲ့လေ။ နည်းနည်း မလွန်ဘူးလား။

“ကျောင်းသားဂျွန် ကိုယ်ပြောတာ မကြားလိုက်တာလား အရေးမစိုက်တာလား”

အခုထိရပ်နေဆဲဖြစ်တဲ့သူ့ကို သတိပေးလိုက်သလို ဆိုလာတဲ့ ‌ဆရာကင်မ် ဆိုသူကြောင့် သူ‌စာသင်ခန်းထဲကနေ ထွက်လာလိုက်တယ်။ ဆက်ပြီး အဲ့ဒီအခန်းထဲရှိနေမိရင် သူဒေါသက အဲ့ဒီဆရာအပေါ် ရောက်သွားမှာ အသေအချာပဲလေ။

ဒီတော့ မနက်စောစော ကျောင်းဝန်းထဲ ပတ်ပြေးရတော့တာပေါ့။ ဒါကလည်း မထူးဆန်းတော့ပါဘူး။ နေ့တိုင်းပြေးနေရတာမို့လို့လားမသိ။ တစ်ရက်လောက်မပြေးရရင်လည်း တစ်ခုခုလိုနေသလိုပါပဲ။

“ပြီးပြီ ဒီနေ့ရာသီဥတုက ပိုအေးပေမဲ့ ထုံးစံအတိုင်း ချွေးနစ်ပြန်ပြီ”

ဂျောင်ကုခပ်‌ယေးယေးပြုံးကာဆိုရင်း စာသင်ခန်းရှိရာကို ပြန်လာလေရဲ့။ သူပြန်ရောက်တော့ ထုံးစံအတိုင်း ဆရာကင်မ်က သူ့ကိုနှုတ်ခမ်းလှုပ်ရုံမျှ အောင်နိုင်သူလို ပြုံးပြလာပါရော။

အဲ့ဒီအပြုံးကြီးက မုန်းချင်စရာကောင်းချက်ပဲ။

“ဂျောင်ကု မင်းကသိပ်ကံကောင်းတာပဲ”

“ဟမ် ဘာကိုလဲ”

ဘေးကဂျီမင်စကားကြောင့် ဂျောင်ကုကနားမလည်သလိုမေးတော့ ဂျီမင်က အရှေ့မှာ စာသင်နေတဲ့ ဆရာကင်မ်ကို မျက်စပြစ်ပြလေရဲ့။

“ဆရာကင်မ်က ဘယ်ကျောင်သားကိုမှ စကားဆယ်လုံးပြည့်အောင် ပြောတာမဟုတ်ဘူးလေ မင်းကိုတော့ စကားတွေ အများကြီးပြောပြီး နေ့တိုင်း အပြစ်တွေပေးလိုက် ဟိုဟာခိုင်းလိုက် ဒီဟာခိုင်းလိုက်နဲ့ သက်သက် Attention ပေးနေသလိုပဲ”

// 𝗧𝗮𝗲𝗸𝗼𝗼𝗸 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //Where stories live. Discover now