-My Stepfather Becomes My Husband- [Big Warning]

3.7K 216 26
                                    

Unicode ✅

-My Stepfather Becomes My Husband-

ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေသလို နှစ်ယောက်သား တိတ်ဆိတ်နေခဲ့သည်။ ဂျောင်ကုကလည်း ငိုလို့ဝသွားပြီထင်။ ငိုနေတာရပ်သွားပြီး ထယ်ယောင်းဘေး၌ ငြိမ်ငြိမ်ကလေး ထိုင်နေလေရဲ့။ ထယ်ယောင်းကတော့ သူ့ဘေးက သူ့ဒယ်ဒီ ဂျောင်ကုကိုသာ စိုက်ကြည့်နေလေ၏။

သူပြန်ရောက်လာကတည်းက ငိုနေသည့် ဂျောင်ကုဟာ ထယ်ယောင်းဘာမေးမေး ပြန်မဖြေခဲ့သလို။ ထယ်ယောင်းကိုလည်း သူ့မျက်နှာအမြင်မခံ။ ကလေးတစ်ယောက်လိုသာ ငိုယိုနေခဲ့လေသည်။ ထယ်ယောင်းမှာလည်း အစပိုင်းတော့ အသည်းအသန် မေးမြန်ကာ ချော့ယူနေပေမဲ့ လက်မခံသည့် ဂျောင်ကုကြောင့် ဘေးကနေ ငြိမ်ငြိမ်ကလေး ထိုင်ကြည့်ဖို့သာတက်‌နိုင်လေ၏။

“ငိုလို့ဝသွားရင်လည်း ဒီဘက်လှည့် Daddy”

ထယ်ယောင်းက ဆိုဖာထက် လက်ပိုက်ထိုင်ကာ ထိုသို့ဆိုလေတော့ ဂျောင်ကုကိုယ်လေးဟာ အနည်းငယ်လှုပ်ရွ‌သွားပေမဲ့ ထယ်ယောင်းဘက်ကိုတော့ လှည့်မလာခဲ့ပေ။

“Daddy ခင်ဗျားနဲ့ခက်တယ်ဗျာ”

“အင့်!”

ထယ်ယောင်းသည် စိတ်မရှည်တော့။ ဂျောင်ကုအား လက်‌ကနေဆွဲလိုက်ကာ သူ့ဘက်ပါအောင် လှည့်လိုက်လေသည်။ ထို့အပြင် ဂျောင်ကုမျက်နှာကိုပါ ဆွဲမော့ကာ မျက်ရည်တွေပြည့်နေသည့် ဂျောင်ကုမျက်ဝန်းတွေအား ခပ်အေးအေးစိုက်ကြည့်လေရဲ့။

“အခုလို ကျွန်တော်နောက်ကွယ်မှာ ကြိတ်ငိုနေမဲ့အစား ကျွန်တော်မျက်ခွက်ကို စုတ်ပြတ်သတ်သွားအောင် ဆွဲထိုးလိုက်ပြီး မင်းမသွားနဲ့လို့ အမိန့်ပေးလိုက်စမ်းပါလား Daddy”

“ကိုယ်...ကိုယ်မလုပ်နိုင်ဘူး”

“ဘယ်အရာကို မလုပ်နိုင်တာလဲ ကျွန်တော်မျက်ခွက်ကို ဆွဲထိုးတာကို မလုပ်နိုင်တာလား ဒါမှမဟုတ် ကျွန်တော်ကို တခြားမိန်းမဆီမပို့ဘဲ အနားမှာခေါ်ထားတာကို မလုပ်နိုင်တာလား”

ထယ်ယောင်းက ဒီကိစ္စကို အခဲမကျေဖြစ်နေခဲ့တာလား။ ဒါဆိုဘာကြောင့် သူသွားခိုင်းတုန်းက တစ်ခွန်းလေးတောင်မှ မငြင်းဆန်ခဲ့ဘဲ အဲ့ဒီမိန်းကလေးဆီ သွားခဲ့တာ‌လဲ။ ပြီးတော့ အဲ့ဒီမိန်းကလေးရှေ့မှာ ကြည့်ကောင်းချင်တယ်လို့ ပြောသွားခဲ့တာလေ။

// 𝗧𝗮𝗲𝗸𝗼𝗼𝗸 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //Where stories live. Discover now