-My Stepfather Becomes My Husband-

4K 285 39
                                    

Unicode ✅

-My Stepfather Becomes My Husband-

အခန်းထဲမှာ ချီးကျူးသံတွေမှာ သူ့မကြားချင်မှအဆုံး။ သူ့တော်တာ သူသိပေမဲ့ ဒီလူတွေက သူ့ကို လိုတာထက်ပိုပြီး မြှောက်ပင့် ပြောဆိုနေကြတော့ သူ့မျက်လုံးထဲ ကန့်လန့်တွေ ဖြစ်လာရော။ သူက ဘယ်အရာမဆို တိကျမှန်ကန်တာကိုပဲ ကြိုက်လို့လား။ ဒါမှမဟုတ် အပိုလုပ်တာတွေကိုပဲ မနှစ်မြို့လို့လား မသိ။ ဒီအခန်းထဲ နောက်ထပ် ကြာကြာမနေချင်တော့တာ အမှန်ပဲ။

အင်္ကျီကြယ်သီးကို တစ်လုံးလောက် ဖြုတ်လိုက်ပြီး လည်ပင်းကို တစ်ချက်ပွတ်သတ်လိုက်တဲ့ အနေအထားကို သူ့ဒယ်ဒီက ရိပ်မိသွားပုံပါပဲ။ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး စကားပြောဖို့ ပြင်နေလေရဲ့။

“ဒီနေ့တော့ ဒီလောက်ပဲ ခင်ဗျားတို့မှာ ပြောစရာတွေ မကုန်နိုင်သေးပေမဲ့ ကျွန်တော်သား ပင်ပန်းနေပြီမို့ ခင်ဗျားတို့ အလိုက်သိရင်ကောင်းမယ်”

သူ့ဒယ်ဒီက သူ့ထက်တောင်မှ အပြောဆိုးသေး။ တစ်ခုခုဆို အဲ့ဒီလို ဒဲ့တိုးကြီးတွေ ပိတ်ပိတ်ပြောလို့လည်း လူတိုင်းက ကြောက်ကြတာပေါ့။

နောက်တော့ မကြာပါဘူး။ သူ့ဒယ်ဒီ စကားကြောင့် အကုန်လုံးကို သူတို့ကိုနှုတ်ဆက်ပြီး အခန်းထဲက‌ ဖြေးဖြေးချင်း ထွက်သွားကြပါလေရော။

“ငါလည်းပြန်တော့မယ် မင်းတို့လည်း အနားယူကြတော့”

“အင်း ညကျရင် ငါမင်းကို ဖုန်းဆက်လိုက်မယ်”

“Okay”

အန်ကယ်ဂျွန်းပါက အခန်းထဲက ထွက်သွားတော့ အခု အခန်းထဲမှာ သူနဲ့ သူ့ဒယ်ဒီပဲ ကျန်ခဲ့တော့တယ်။ သူ့ဒယ်ဒီကတော့ စာပွဲခုံပေါ်က Laptop ကို ကောက်ယူလိုက်ပြီး အခန်းထဲကထွက်ဖို့ ပြင်နေလေရဲ့။

“Daddy”

အနောက်ကနေ ဒယ်ဒီကို သိုင်းဖက်ကာ သူ့ခပ်တိုးတိုးခေါ်မိတော့ Laptop ကိုကိုင်ထားတဲ့ ဒယ်ဒီ လက်တွေက သူမြင်တာမမှားဘူးဆို တုန်ရီနေသလိုပဲ။

“Mwh”

“ကင်မ်ထယ်ယောင်း”

“Daddy ပါးတွေက ကျွန်တော်ကို နမ်းချင်အောင် လုပ်နေတာကိုး”

// 𝗧𝗮𝗲𝗸𝗼𝗼𝗸 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //Wo Geschichten leben. Entdecke jetzt