-Bad Buddy-

3.1K 236 20
                                    

Unicode ✅

-Bad Buddy-

လုပ်ချင်ရာလုပ်ပြီး ဒဏ်ယာကို ဆေးထည့်ပေးနေတဲ့ မျက်နှာကြီးကို ကြည့်ဦး။ မသိရင် ဒီဒဏ်ယာက သူလုပ်ထားတာမဟုတ်ဘဲ ကိုယ့်ဘာသာ လက်ကမြင်းပြီး ရထားတဲ့ဒဏ်ယာလို မျက်နှာကြီးက ခုနှခေါက်ချိုး ရှစ်ခေါက်ချိုးနဲ့။ တစ်စက်ကလေးမှ အချိုးမပြေတာပါ။

“Ugh! နာတယ် ဂျောင်ကု”

“အဲ့ဒါဆိုလည်း မင်းဘာသာလုပ်လေ ဘာလို့ ငါ့ကိုလာခိုင်းနေသေးလဲ!”

“ငါမခိုင်းပါဘူး မင်းပဲလုပ်ပေးမယ်ဆို”

“ပါးစပ်ပိတ်ထား!”

တွေ့လား။ သူကပဲလုပ်ပေးမယ် ပြောပြီးတော့ အခုကျတော့ အဲ့ဒီလိုမဟုတ်ပြန်ဘူး။ သူ့စကားသူမညီပြန်တော့လည်း မျက်နှာကြီးကနီရဲနေတာ။ ရှက်လို့လား။ ဒေါသထွက်လို့လား။ သဲကိုမသဲကွဲဘူး။

“ပြီးပြီ ငတုံး”

“ကျစ်...အစကတော့ မနာပါဘူး အခုတော့ တစ်ဆစ်ဆစ်နဲ့ကိုက်လာသလိုပဲ”

ထယ်ယောင်းက ခေါင်းကိုအသာကိုင်ထားရင်း နာကျင်သလို ညည်းညူလေတော့ ဂျောင်ကု မျက်နှာမသာချင်တော့။ ထယ်ယောင်း အခုလို ဖြစ်သွားရတာလည်း သူ့မဆင်မခြင်လုပ်လိုက်လို့လေ။

“ဒါဆိုလည်း မင်းအိမ်ပြန်မနေနဲ့တော့ ဒီညငါ့ဆီမှာပဲအိပ်သွားလိုက် မနက်ကျရင်တော့ မင်းဘာသာ ဆေးခန်းသွားပြ ဟုတ်ပြီလား”

“အင်း အင်း”

ဆေးခန်းကို လိုက်ပို့ခိုင်းချင်ပေမဲ့လည်း ထပြီးတောင်းဆိုရင် မင်းအိမ်မင်းပြန်အိပ်တော့ဆိုပြီး နှင်ထုတ်မှာအသေအချာပဲ။ ဒီတော့ ဘာမှပြောမနေတော့ဘူး။ ကိုယ်ကသူ့ကိုကြောက်ရတယ်လေ။

“ဒါဆိုငါသွားအိပ်တော့မယ်”

“ခဏ!”

ခုံကနေထသွားတဲ့ဂျောင်ကုရဲ့လက်ကို ထယ်ယောင်းက လှမ်းကိုင်လိုက်ပြီး ဆွဲချလိုက်တာကြောင့်‌ ဂျောင်ကုကိုယ်လုံးမှာ ထယ်‌ယောင်းပေါင်ပေါ်တန်းခနဲ။

“ဘာလဲကွာ”

“အိပ်တော့မလို့လား”

မေးလည်းမေး ထယ်ယောင်းလက်တွေက ဂျောင်ကုခါးကို ခပ်တင်းတင်း ဆွဲဖက်ထားပေမဲ့ ဂျောင်ကုက ရုန်းကန်တာမျိုးမလုပ်ဘူး။ သူတို့နှစ်ယောက်ရဲ့ အပြုမှုတွေက တခြားသူတွေအရှေ့မှာဆိုရင် ခပ်ကင်းကင်းဆိုပေမဲ့ နှစ်ယောက်တည်းရှိတဲ့အချိန်မှာဆို အခုမြင်နေရတဲ့အတိုင်းပဲ။

// 𝗧𝗮𝗲𝗸𝗼𝗼𝗸 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //Where stories live. Discover now