25

476 31 4
                                    

" ခုံနံပါတ် ၃၀ ကျောင်းပျက်ရက်တွေ များနေတယ်... ဒီနေ့ကော လာသလား ''

အတန်းပိုင်ဆရာမက roll-call ခေါ်ချိန်ဖြစ်သည် ။ ဒီနေ့လည်း လိုတ ကျောင်းပျက်ပြန်ပြီ ။ ပိုင်ရှင်က ထူးသံမကြားရသည့် အသံပိုင်ရှင်၏ နေရာသို့ လှည့်ကြည့်လိုက်သည် ။ လိုတ ထိုင်နေကျ နေရာသည် လစ်လပ်နေခဲ့သည် ။ ဒီနေ့ဆို ကျောင်းမတက်သည်မှာ သုံးရက်ပင်ရှိချေပြီ ။ အတန်းဆင်းတော့ ပိုင်ရှင်နှင့်အတူထိုင်သည့် သူငယ်ချင်းနှင့် ကန်တင်းသို့ ထွက်လာခဲ့ကြသည် ။

" ပိုင်ရှင် လိုတ ဘာလို့ ကျောင်းမလာတာလဲ ''

သူနှင့် တစ်ခန်းတည်းနေ၍ သူ့အား မေးလာသည် ။ သို့သော် အဖြေမရှိ ။ ခေါင်းလေးသာ အသာယမ်းပြပြီး မျက်နှာမဲ့ပြလိုက်သည် ။ ကန်ဘောင်တွင် လူပြည့်နေသည် ။

" နင် နဲ့ လိုတ အကြောင်းကရော ဘယ်လိုလဲ... မင်းတို့ တကယ်တွဲနေကြတာတော့ မဟုတ်ဘူးမလား ''

" ဘယ်ကလာ..... ''

ပိုင်ရှင် အမှန်အတိုင်းပင် ​ဖြေလိုက်သည် ။ ကန်တင်းရောက်တော့ မှာပေးနေကျ လိုတတော့ မရှိ ။ ထမင်းသုတ်ကို ကြက်ဥကြော်မကျက်တကျက် နှင့် ကိုယ့်ဖာသာ မှာလိုက်ရင်း ကန်ဘောင်ဘေးရှိ စားပွဲတွင် နေရာယူလိုက်သည် ။

" လိုတ မင်းကို ချစ်နေတယ်လို့ ခံစားရလား ''

အရင်လို ရေနွေးချမ်း အရေးခံထားပေးမည့်သူမရှိ ။ မွန်မြတ်ဝေ ၏ အမေးကို သူ ဘယ်လို ပြန်ဖြေရမည်နည်း.။ တစ်နေရာရာကို စိုက်ကြည့်နေသည်လည်း မဟုတ် သူ့မျက်လုံးထဲတွင် မြင်နေရသည် ဟူ၍မရှိဘဲ မွန်မြတ်၏ အဖြေကို ဖြေရန် စဥ်းစားနေသည် ။

" လိုတလား........''

ဟင်းးးးးဆိုသည့် သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း ။

" ငါ ပထမနှစ်ကတည်းက စောင့်ကြည့်နေတာ သူက နင့်အပေါ် တော်တော် ဂရုစိုက်တယ် ... ေကာင်းပေးတယ် ... ဒါပေမယ့် ငါ နင်တို့နှစ်ယောက်ကြား ဘာမှ ဝင်မပြောလိုလို့... ခုတော့ ဘာဖြစ်ကြတာတုန်း နှစ်ယောက်လုံးက ''

" ကာယကံရှင် ကိုယ်တိုင်လည်း ဘာဖြစ်မှန်းကို မသိတော့ဘူး... ''

Love Is RainbowWhere stories live. Discover now