14

428 34 0
                                    

သုံးထပ်တိုက်၏ လသာဆောင်တွင် ညနေခင်း ကောင်းကင်အလှကို ထိုင်ကြည့်နေသူတစ်ဦး ။ လက်ထဲမှာ စီးကရက်ကို ညှပ်ထားလျက် ။ ဒီဆည်းဆာက မန္တလေးတောင်ပေါ်က ကြည့်တဲ့ ဆည်းဆာလောက် မခမ်းနား ။ ဘေးတွင် စာအုပ်များ ပြန့်ကြဲလျက် ။

လိုတ အလိုမကျစွာ အားသောလက်တစ်ဖက်ဖြင့် ခေါင်းကို ကုပ်ပစ်လိုက်သည်။ မနက်ဖြန် Philosophy tutorial ရှိပေမယ့် စိတ်တို့ စုစည်း၍မရ ။
ခင်းထားသော ခေါက်ဖျာလေးပေါ် ကျောချလှဲလိုက်ရင်း ကောင်းကင်ပြာပြာကြီးကို ငေးနေသည် ။ မန္တလေးတောင် တက်ပြီးကတည်းက သူမနှင့်မတွေ့ရသည်မှာ သုံးရက်လောက်ရှိပြီဖြစ်သော်လည်း လိုတ mg box မှာ စာတို့ကင်းမဲ့နေသည် ။

စိတ်ရှုပ်ထွေးမှုများကို နီကိုတင်းနှင့်သာ လျော့ချနေလိုက်သည် ။ ဘာကြောင့် စိတ်ရှုပ်ထွေးနေရသလဲကို အကြိမ်အဖန်ဖန် ပြန်လည်ဆန်းစစ်နေသည် ။ ' သူမနှင့် မတွေ့ရ၍ ' ဟူသော အကြောင်းပြချက်ကိုတော့ ခေါက်ထားလိုက်သည် ။ တောင်ပေါ်တက်တုန်းက သူမဟုတ်သလို စကားအများကြီး ပြောနေသော လိုတသည် ထိုကိစ္စအားလည်း တွေးတွေးပြီး ရှက်နေသည် ။ ကိုယ့်အငြောင်းကို တစ်ခြား သူစိမ်းတစ်ယောက်ထံ ဖွင့်ဟနေသည်လေ ။

လိုတ ထိုသို့ ဖွင့်ဟလေ့မရှိ ။ ကိုယ့် ဒဏ်ရာအတိမ်အနက်ကို မသိပါဘဲ ' ငါ့တုန်းကဆိုရင်...' ဟု ပြောလာမည့် စကားများက ကိုယ်ကပဲ ကဲကဲပိုပိုdrama ခင်းနေသလို ။ ထိုသို့ လာပြောသူများကိုလည်းမုန်းသည် ။ ထို့ကြောင့် သူ့အကြောင်းများသည် သူ့ရင်ထဲတွင်သာ ။ ဆေးလိပ်တွင် ပါဝင်သော ဓာတုမျိုးပေါင်း ၂၅၀၀ လောက်က သူ့ဦးနှောက်ထဲ ဝင်ရောက်​ေနချေပြီ ။ နီကိုတင်းပေးတာ ဒုက္ခပဲရှိသည် ဆိုပေမည့် ခုချိန်တွင်တော့ လိုတ နှုတ်ခမ်းနှစ်လွှာကြားမြဲမြံစွာ ။

" ဆေးလိပ်တွေ သောက်နေပြန်ပြီလား ။ ''

ပိုင်ရှင်က သူ့နားမှာ လာထိုင်သည် ။ အဆောင်စည်းကမ်းချက်တွေထဲ အဆောင်တွင်း အရက်သေစာ မသောက်စားရဟု ပါသော်လည်း လိုတ မျက်ကွယ်ပြုကာ သောက်နေလိုက်သည် ။

" ၃၇၇...၃.၇.၇ ''

လိုတ မကြာခင်ကမှ သိရသော နံပါတ်ကို ရေရွတ်နေသည် ။ ပိုင်ရှင်က အကြောဆန့်နေရင်း

Love Is RainbowWhere stories live. Discover now