20 (PS)

535 28 6
                                    

လူသွားလူလာ နည်းသော လမ်းကြားလေးထဲ ကားဖြူဖြူတစ်စီး ဖြေးညင်းစွာ ဝင်လာသည် ။ သူဌေးရပ်ကွက်ဖြစ်သောကြောင့် လူခြေက တိတ်ဆိတ်လျက် ။ ကားလေးက ကြီးမားသော စံအိမ်ကြီးဝန်းထဲ ဝင်သွားလေသည် ။ စင်ဝင်အောက် ကားရပ်တော့ ကားထဲမှ အလိုမကျသည့် မျက်နှာနှင့် ထွက်လာသောသော မိန်းကလေးငယ်တစ်ဦး ။ ကြိုးတစ်ချောင်း ဒူးထက် ဂါဝန်နီလေးက ယိမ်းယိမ်းနွဲ့နွဲ့ ။

"ဒုန်း.........''

ကားကို စောင့်ပိတ်ကာ အိမ်ထဲသို့ဝင်သွားလေသည် ။ နှုတ်ခမ်းမှာ စူပုတ်ပုတ် နှုတ်ဆက်လာသော သူမ အဖေ အမေများကိုပင် ဂရုမစိုက်ကာ အပေါ်သို့ ေပြးတက်သွားလေသည် ။

နားမလည်ကုန်သော လူကြီးများက

" သားငယ်.... မင်းညီမလေးက ဘာအလိုမကျပြန်တာတုန်းကွဲ့ ''

" ကျောင်းပိတ်ပိတ်ချင်းသူ့ကို လာခေါ်ရမလားဆိုပြီး ကောက်နေတာ... တစ်လမ်းလုံးလဲ အဲ့အတိုင်းပဲ ''

" ဟုတ်သားကွယ်... သူလဲ မန္တလေးမှာ လည်ချင်ဦးမှာပဲ ''

" အဖေတို့ ဘာမှ မသိပါဘူး ။ အဲ့မှာ ဆက်နေရင် အဖေတို့ ရင်ကျိုးမှာ အဖေတို့မသိပါဘူးဗျာ ''

ချစ်ပိုင်ရှင်တွင် အစ်ကို နှစ်ယောက်ရှိပြီး သူမကိုက အသက်ကြီးမှ ရလာသောကြောင့်တစ်ကြောင်း မိန်းကလေးဖြစ်သောကြောင့်တစ်ကြောင်း တစ်အိမ်လုံး သဲသဲလှုပ်ကြလေသည် ။ ငယ်ကတည်းက ရေဆိုရေ ၊ မီးဆိုမီး ၊ အပူဆိုအပူ ၊ အအေးဆိုအအေး လိုတာ ဖြစ်အောင် လုပ်ပေးခဲ့ကြသည် ။ နွဲ့ဆိုးဆိုးတတ်သော သူမအားလည်း အပြစ်ဟူ၍ မယူခဲ့ကြပေ ။

" ဘာတွေ ရင်ကျိုးမှာတုန်း သားရဲ့ ။ ''

သူ့မိခင်ဖြစ်သူကပါ ဝင်မေးလာသည် ။ ချစ်ညီက ကားထဲမှ မုန့်ထုတ်များ ၊ လက်ဆောင်ပစ္စည်းများ ချနေသည် ။ သက်ပြငး်သာ ချလိုက်ရင်း

" မေမေတို့ကို အေးဆေးမှပဲ ရှင်း​ြပတော့မယ် ''

တစ်ဦးတည်းသော ညီမလေးဖြစ်သောကြောင့် သဝန်တိုရပါသည် ။ အိမ်ထောင်ပြုရန်မပြောနှင့် ရည်းစားထားလျှင်ပင် စိတ်ပူရပါသည် ။ ထိုသို့ အူတိုမှုတွေကို ကျော်လွန်ကာ ယောကျားမဟုတ် မိန်းမမပီသသော ညီမလေး၏ အခန်းဖော်ကြောင့် စိတ်လေးမှုက နှစ်ဆမက မြှင့်တက်သွားရသည် ။ ဒါတွေကို ပိုင်ရှင် သိမည်မဟုတ် ။
.
.
.
ဆုံလည် ထမင်းစားဝိုင်းတွင် အိမ်သားများအားလုံးက စကားမြိုင်နေကြသော်လည်း တိတ်ဆိတ်နေသူတစ်ယောက်ကတော့ ချစ်ပိုင်ရှင်ပင် ။ သူကြိုက်တတ်သော ပုစွန်ထုပ်ဟင်းချက်ထားသော်လည်း ထမင်းကိုသာ ပါးစပ်ထဲ မြန်မြန် ထိုးထည့်နေသည်  ။ ပန်းကန်နှင့် ဇွန်းသံတို့က ကျယ်လောင်စွာ ထွက်ပေါ်နေသည် ။

Love Is RainbowOnde as histórias ganham vida. Descobre agora