24

417 28 2
                                    

အပေါက်ဝမှာ ဝင်ရနိုးနိုး ၊ မဝင်ရနိုးနိုးနှင့် ။ မြင်ပြင်အကြာ်မှ လှမ်းမြင်ရသည်က ဆိုင်ထဲတွင် လူပြည့်နေသည် ။ သူ ဒီတိုင်း လှည့်ပြန်ခဲ့လိုက်ရမလားဟု စဥ်းစားသည် ။ အလုပ်ရှုပ်နေသော စေကို ဒုက္ခမပေးချင် ။

မငယ်က ဆိုင်ရှေ့တွင် အထဲကြည့်လိုက် ခေါင်းကုပ်လိုက် လုပ်နေသော လိုတကို မြင်လိုက်သည် ။ မငယ်က ချက်ချင်းပင် ဆိုင်ရှေ့သို့ ထွက်လာကာ

" ဟဲ့...ကလေး...ခေါင်းလျှော်မယ်ဆိုလဲ ဝင်လာလေ ''

" ဗျာ....ဟို.....ဟို... ဟုတ် ''

လိုတ စေစေဆီ လာတာမှန်း မငယ်သိသည်လေ ။ တစ်နေ့တစ်နေ့ သူ့အကြောင်းကို ကြားနေရသည်မှာ မငယ်ပင် လိုတကို လိုက်ချင်လာသည်အထိ ။ ထိုသို့ပြောတော့ စေစေ က ရယ်သည် ။ မငယ်စမှန်း သိ၍ပင် ။ မယောင်မလည် လုပ်နေသော လိုတ ကို ဆိုင်ထဲသို့ ခေါ်လာခဲ့သည် ။

" ခဏ ထိုင်နေဦး စေစေ ခေါင်းလျှော်ပေးနေတုန်းမို့ ''

" ဟုတ်...ရပါတယ်ဗျ...''

ထိုင်ဆိုတော့ ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေသည် ။ သူ့ဘေးနားတွင်တော့ တစ်ခြား လက်သည်းလာပြင်သည့် မိန်းမငယ်လေးများ ရှိသည် ။ လိုတ မသိမသာ စေကို ရှာကြည့်နေသည် ။ ဒီနေ့ ဆိုင်လူကျနေသည်မို့.......

" ငယ်လေး....''

စေက အစ်မတစ်ယောက်ကို ခေါင်းလျှော်ပေးပြီး ထွက်လာသည် ။ သူ့ကိုမြင်တော့ ပြုံးပြပြီး ' ခဏနော် ' ဟု ဝတ်ပြုသွားသေးသည် ။ လိုတ ပြန်ပြုံးပြလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည် ။ ထို့နောက် ဘေးနားက စာအုပ်စင်အသေးတွင် တင်ထားသော Magazine
စာအုပ်တစ်အုပ်ကို လှန်လှော ဖတ်နေလိုက်သည် ။

Dryer မှ တဖူးဖူး လေမှုတ်သံများ ၊ ကပ်ကြေးတို့ ၏ တကျပ်ကျပ် မြည်သံများ မှာ ဆိုင်တွင်း ပြည့်နှက်နေသည် ။ လက်သည်းနီဆိုး၏ ချိုအီသော အနံ့တို့မှာလည်း ဆိုင်ထဲ ပျံ့နှံ့လျက် ။ လိုတထိုင်နေသည်မှာ aircon လေနှင့် တိုက်ရိုက်ကျရောက်နေသောကြောင့် လူက ချမ်းစိမ့်စိမ့်ပင် ဖြစ်လာသည် ။ စေက ထိုအစ်မအား လေမှုတ်ပေးကာ ဆံပင်ပုံသွင်းပေးနေသည် ။ တစ်ချက်တစ်ချက် မှန်တွင် ပေါ်နေသော သူနှင့် မျက်လုံးချင်း ဆုံမိသေးသည် ။ စေက အားနာပြုံးလေးနှင့် ။

Love Is RainbowWhere stories live. Discover now