1

2.7K 68 0
                                    

လွန်ခဲ့တဲ့ နှစ်ရက်လောက်ထိ 'ငါ ဘယ်သူ့ကိုမှ မချစ်မိရင် ပြီးတာပဲ ' ဆိုပြီးတော့ တွေးခဲ့တယ် ။ ကိုယ်ဟာ မိန်းမတွေကို သဘောကျတဲ့သူတစ်ယောက်လို့ ဖွင့်မပြောနိုင်တာကြောင့် အချစ်မတွေ့ရင် ကိစ္စမရှိဘူးဆိုပြီး နေခဲ့တယ် ။ ကျွန်တော် တစ်စုံတစ်ယောက်နား ရှိနေရတာ သဘောကျတယ် ။ သူ အရေးပေးတာကို သိပ်ခံချင်တယ် ။ သူများတွေထက် ကိုယ့်ကို ဦးစားပေးစေချင်ခဲ့တယ် ။ သူကတော့ တစ်ခြားမဟုတ်ပါဘူး ။ ကျွန်တော့ရဲ့ သူငယ်ချင်းမလေး ချစ်ပိုင်ရှင်ပါပဲ ။ သူက ကျွန်တော် မိန်းမတွေသဘောကျတာကို သိတဲ့ တစ်ဦးတည်းသောသူပါပဲ ။

သူသိဆို ကျွန်တော်က lesbian ပါလို့ ဖွင့်ပြောထားတာ ။ သူက fujoshi တစ်ယောက်ဆိုတော့ သိပ်တော့မခက်ခဲလှဘူး ။ သူနဲ့လည်း အထက်တန်းကျောင်းမှာအတူတူတက်ခဲ့ရပြီး တက္ကသိုလ်လဲ အတူတူတက်နေတာကြောင့် ခင်တွယ်မိတယ် ။ သူက ကျွန်တော့type ကိုမေးတယ် ။ ကောင်မလေးဆိုတော့ စပ်စပ်စုစုပါပဲ ။ သူရှာပေးရမလားဆိုပြီး နောက်တတ်သေးတယ် ။ ကျွန်တော် ဘောပျောက်ဆိုပေမယ့် ချစ်ရမယ့်သူမရှိသေးဘူး ။ ကိုယ့်ကိုယ်ကို ဘယ်လိုသိလဲဆိုတော့ အိပ်မက်တွေကြောင့် ။

အရင်က... ဝတ္ထုတွေထဲပါတတ်တဲ့ လူပျိုအိပ်မက်ဆိုတာ ဒီတိုင်းလူတွေကို စိတ်ကလိကလိဖြစ်အောင်ရေးထားတဲ့ (နဲနဲရိုင်းရိုင်းပြောရရင်) အပြာစာတစ်ခုလောက်ပဲ ထင်ခဲ့မိတယ် ။ အိပ်မက်တွေထဲ မိန်းမနဲ့ ယောကျား ဘာညာဘာညာပေါ့ ။ ဒါပေမယ့် ကျွန်တော် သူတို့ရေးသလို လူပျိုအိပ်မက် (အပျို) မက်ခဲ့တယ် ။ ၁၆ နှစ်အရွယ် ပေါ့ ။ မတူတာက ယောကျားနဲ့ မိန်းမ မဟုတ်နေတာပဲ ။ ကိုယ့်ကိုယ်ကို မဝေခွဲနိုင်ခင်က ကထိကအောင့် တော်တော်ဖြစ်ခဲ့ရတယ် ။ ဒါက လွဲမှားနေတယ်လို့ ထင်မိတယ် ။ ဘုရားစာရွတ်နေရင်တောင် အဲ့အကြောင်းပေါ်ပေါ်တတ်လို့ မိုးကြိုးပစ်မှာ စိုးရိမ်ခဲ့သေးတယ် ။ ဒါက ကျွန်တော် လိုင်းကူးခြင်းအစ ။

အပေါ်က ပြောသလို ကျွန်တော် တစ်စုံတစ်ယောက်နားနေရတာကို သဘောကျတယ် ။ ကျွန်တော့အကြောင်းသိတဲ့သူတစ်ယောက်နားပေါ့ ။ ဒါပေမယ့် သူ့နားမှာဆက်ရှိနေနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်လာတယ် ။ ဘာလို့ဆို သူက ချစ်ရမယ့်သူ ရှာတွေ့သွားပြီလေ ။
.
.
.
.
.
​ေလျှာက်လမ်းကအုပ်တွေ မညီမညာဖြစ်နေပေမယ့် မန္တလေးကျုံးကြီးကတော့ ခန့်ထည်နေဆဲပဲ ။ '''''''အိပ်ငွေ့ပင်''''''တေွ တန်းစီစိုက်ထားသောကြောင့် နေရောင်မထိုး ။ မနက်ခင်းနေဖြစ်သော်လည်း ပူအိုက်နေသည် ။ ကျုံးအရှေ့ဘက် မျက်နှာစာက ဆေးကျွတ်ချေးတက်နေသော ကန်ဘောင်ကို လက်တင်ကာ ကျုံရေပြင်ကို ငုံ့ကြည့်နေသည် ။ ငါးစာကျွေးထားသော ပေါင်မုန့်ပိုင်းတို့က ပေါလော ပေါ်နေကြသည် ။ ရေပြင်တွင် ကျရောက်နေသော သူ့အရိပ်က ရေလှိုင်း ​​ခတ်သည့်အလိုက် ဝေ့လည်နေသည် ။

Love Is RainbowWhere stories live. Discover now