Part 17

653 47 2
                                    

Unicode :

""And how will we ever know If the love will ever
grow Without trying, without trying…
And how will we ever see If we are meant to be
It's terrifying, it's terrifying…🎶🎶"" (*Phone ringtoneအသံ*)

ပထမတစ်ခါphဝင်လာတော့တိမ်လွှာphမကိုင်မိ…

ဒုတိယအကြိမ်phလာတော့မှတိမ်လွှာကိုင်လိုက်မိတယ်။

"Hello ချာတိတ် အိပ်နေတာလားဟင်…"

"အွန်းအိပ်တော့မအိပ်သေးဘူး ဒါပေမဲ့တိမ်လွှာအိပ်တော့မို့လုပ်နေတာရယ်"

"ကိုယ်လေ ချာတိတ်ကိုရှင်းပြမို့ အခုနကကိစ္စကိုလေ"

"ဘာ ဘာကိစ္စကိုလဲမမမေ…"

"မသိချင်ယောင်မဆောင်တတ်ပဲဆောင်မနေပါနဲ့ ချာတိတ်ရာ ချာတိတ်စိတ်မကောင်းဖြစ်နေမှန်းကိုယ်သိတာပေါ့ကွာ"

"တိမ်လွှာဘာစကားမှမပြောပဲငိုနေမိ "

"ဟောကြည့် အသံတိတ်ငိုနေပြန်ပြီလားကလေးလေးရ"

"…"

"မငိုရဘူးလေကွာ ကိုယ်အန်တီ့ကိုသေချာရှင်းပြလိုက်တယ် ကိုဒီ‌ရေ ကို အစ်ကိုတစ်ယောက်လိုပဲသဘောထားတာပါဆိုပြီး ပြီး‌ေတာ့ကိုယ့်မှာကိုယ်သဘောကျနေရတဲ့သူရှိနေပြီလို့လဲပြောလိုက်သေးတယ်။အန်တီတောင်စိတ်မကောင်းဖြစ်သွားသေးတယ် သိလား ချာတိတ်လေးရ…"

"တကယ်လား ဟင့်"

"တကယ်ပေါ့ဗျ မငိုနဲ့တော့နော် ကလေးလေးငိုတော့ကိုယ့်မှာရင်တွေနာရတယ်ကွ…"

"နေစမ်းပါဦး ခင်ဗျားကြီးကကျွန်တော့်ကိုလူမှားနေတာလား"

"ဟင်ဘာလို့တုန်း "

"မသိဘူးလေခင်ဗျားကြီးကချာတိတ်ခေါ်လိုက်ကလေးလေးခေါ်လိုက်နဲ့ဆိုတော့ လူမှားနေတယ်ထင်တာပေါ့ဗျ…"

"ဟောဗျာ လူမှားစရာလားဗျာ ဒီနေ့မှပူပူ‌နွေးနွေးရထားတဲ့ချစ်သူကောင်မလေးကိုလူမှားစရာလား ချစ်လွန်းလို့ကိုချစ်စနိုးနဲ့အဲ့လိုလေးတွေခေါ်နေတာပါဗျာ…"

"အမလေး စကားတွေသိပ်တတ်နေပါရောလား တခြားဘယ်သူတွေကိုအဲ့လိုစကားတွေနဲ့ခြွေပြီးပြီလဲ။"

"အခုကိုယ်နဲ့စကားပြောနေတဲ့ဒေါ်တိမ်လွှာဆိုတဲ့ကိုယ့်ရဲ့ချာတိတ်လေးကိုပဲအဲ့လိုစကားလေးတွေနဲ့ခြွေတာပါနော်"

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now