Unicode :
အချိန်အားဖြင့် ၁လလောက်တောင်ရှိသွားခဲ့ပြီ ကိုယ်ဒီအတောအတွင်းမှာ ကိုယ့်စိတ်ကိုကိုယ်သိအောင်လုပ်ခဲ့တယ် ကိုယ်မမမေနဲ့လဲအဆက်အသွယ်မလုပ်ခဲ့ဘူး မမမေPhဆက်ရင်လဲမကိုင်ခဲ့ဘူး မမမေအိမ်လာရင်လဲကိုယ်တစ်နည်းမဟုတ်တစ်နည်းနဲ့ရှောင်နေခဲ့တယ် ကိုယ့်စိတ်ကမသေချာသေးတဲ့အချိန်မှာကိုယ်မမမေနဲ့တွေ့ဖို့မဝံ့မရဲဖြစ်နေတာဆိုပိုမှန်တာပေါ့…။
ကိုယ်အသက်ကလဲငယ်သေးတော့ကိုယ်ဒီအချစ်ရေးကြီးကိုအရမ်းအရေးမပေးသင့်ဘူးမဟုတ်လား။ကိုယ်ဒီအချိန်မှာကိုယ့်ဘဝတက်လမ်းအတွက်ပဲကိုယ်တွေးနေချင်တော့တဲ့ ကိုယ်ရှေ့လျှောက်ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်အောင်ကြိုးစားရမယ်လေ။ဒါမှကိုယ်မျက်နှာမငယ်ရမှာ ဒါမှကိုယ်လုပ်ချင်တဲ့အရာကိုလုပ်လို့ရနိုင်မှာလေ…။
ကိုယ် ပါးပါး ကုမ္ပဏီ မှာအလုပ်ဝင်လုပ်နေတာတစ်ပတ်လောက်ရှိတော့မယ် အောက်ခြေကနေပဲကိုယ်ဝင်လုပ်ခဲ့တယ်။ကုမ္ပဏီပိုင်ရှင်သမီးမို့ဆိုတာကြီးကိုကိုယ်မလိုချင်လို့။"သားဒီရေ ရေ ညီမလေးကမင်းကိုကျော်တက်သွားတော့မှာပါးပါးမြင်ယောင်နေပြီကွာဆိုပြီး"ပါးပါးကတော့ကိုကို့ကိုအမြဲနောက်တယ်။
ညဘက်ရောက်တော့ မိသားစုလေးယောက်ထမင်းအတူတူစားဖြစ်ကြတယ်။အခုရက်ပိုင်းမိသားစုစုံစုံလင်လင်မစားရတာကြာပြီရယ်။အားလုံးကအလုပ်ကိုယ်စီနဲ့ဆိုတော့…
"တိမ်လွှာအပေါ်တက်ပြီနော်"
"သမီးတိမ်လွှာစားတာနည်းလှချည်လားသမီးရဲ့"
"ဟုတ်သိပ်မဆာလို့ပါ မားမား ပြီးတော့ မနက်ကျရင်လုပ်မဲ့အစည်းအဝေးအတွက်လဲလိုအပ်တဲ့fileတွေအချက်အလက်တွေလဲပြန်စစ်ရဦးမှာမလို့ တက်ပြီနော် မားမား"
"အေးအေးသမီး ညဘက်ဗိုက်ဆာရင်ထစားနော် အစာအိမ်ဖြစ်နေမယ်…"
"ဟုတ်"
"အခုရက်ပိုင်းသမီးတိမ်လွှာကအရမ်းတွေကြိုးစားလာသလိုပဲနော်…"
"ဟုတ်တယ်မိန်းမရေ ကုမ္ပဏီမှာဆိုလဲမနားတမ်းအလုပ်တွေလုပ်နေတာ မနည်းတားယူရတဲ့အထိပဲကွာ"
YOU ARE READING
ကိုယ့်ရဲ့ချာတိတ်...🧡
Romanceအချစ်မှာမျက်စိမရှိဘူးချာတိတ် ကိုယ်ကမင်းဖြစ်နေလို့ကိုချစ်တာမလို့မင်းသံသယကင်းကင်းနဲ့ကိုယ့်ကိုပြန်ချစ်နိုင်တယ်😉🧡