Unicode :
ချာတိတ် ကိုယ်သိချင်တာလေးရှိတယ်…"ချာတိတ်ကကိုယ်ကို့ဘယ်အချိန်ကတည်းကချစ်သွားတာလဲဆိုတာကိုယ်တအားသိချင်တာ တကယ်ဆိုကိုယ်ကလေကိုယ်တို့ဝေးရပြီတောင်ထင်သွားတာရယ်…"
"ဟာ မမမေကလဲရှက်စရာကြီး…"
အာချာတိတ်ကလဲကိုယ်ကသိချင်လို့ပါပြောပြပါနော် နော်…"
ဘယ်အချိန်တုန်းကလဲဆိုတာတော့တိမ်လွှာေသသေချာချာ မသိပေမဲ့
"တိမ်လွှာသတိထားမိတဲ့အချိန်မှာတော့မမမေက
တိမ်လွှာ့နှလုံးသားရဲ့အနက်အရှိုင်းဆုံးထိဝင်ရောက်ပြီရယ်""ဘယ်လိုပြောပြရမလဲ မမမေကဆူးလေးတစ်ချောင်းဆိုပါတော့ အဲ့ဆူးလေးကိုတိမ်လွှာသတိမထားမိသေးတဲ့အချိန်မှာကတည်းကတိမ်လွှာ့နှလုံးသားရဲ့အနက်အရှိုင်းဆုံးထိဝင်ရောက်နေခဲ့ပြီ သတိထားမိတဲ့အချိန်လဲကျရော တိမ်လွှာကဒီဆူးလေးဆီမှာကျဆုံးသွားရတယ် ပြန်ဆွဲထုတ်ဖို့ဆိုတာကလဲဘယ်လိုမှမဖြစ်နိုင်တော့ဘူး မဖြစ်နိုင်ဘူးဆိုတာထက်တိမ်လွှာကမဆွဲထုတ်ချင်လောက်အောင်ကိုမြတ်နိုးနေမိပြီလေ ဒီ့ထက်ပိုပြီးပဲနစ်ဝင်စေချင်တော့တာမျိုးပေါ့ဗျာ"
"အား ဒီလိုကြည်နူးစရာစကားတွေကိုဘယ်ကသွားသင်ထားတာလဲ ချာတိတ် ချာတိတ်ဆီမှာကျဆုံးနေပြီးသားကိုယ့်ကိုချာတိတ်ဆီမှာထပ်ပြီးကျဆုံးစေချင်လို့များပြောနေသလားပဲ ကိုယ်ဖြင့်အရည်တောင်ပျော်ကျချင်လာပြီ စကားတွေကရင်ထဲထိနေရောဗျာ ကိုယ်ကိုရူးသွားစေချင်တာလား…"
"မဟုတ်ပါဘူးဗျာ တိမ်လွှာကမမမေကိုရူးသွားစေချင်ပါ့မလားဗျ တိမ်လွှာ့ကိုပိုချစ်ပေးစေချင်လို့ပြောတာကို ဟီး"
"ချာတိတ်ကတကယ့်အတတ်ကလေးပဲ"
"ဟီး"
"ဒီပုံအတိုင်းတာဆိုကိုယ်ရူးသွားရလိမ့်မယ်နော်ချာတိတ် အရမ်းချစ်ဖို့မကောင်းပြပါနဲ့ကိုယ်ကပိုပြီးပိုင်ဆိုင်ချင်မိမှာဆိုးလို့…"
"ဟောဗျာ တိမ်လွှာကမမမေအပိုင်ပဲကို"
"ဟုတ်ပါပြီဗျာ ဒီကကိုယ်ကလဲချာတိတ်အပိုင်ပါပဲဗျာ"
YOU ARE READING
ကိုယ့်ရဲ့ချာတိတ်...🧡
Romanceအချစ်မှာမျက်စိမရှိဘူးချာတိတ် ကိုယ်ကမင်းဖြစ်နေလို့ကိုချစ်တာမလို့မင်းသံသယကင်းကင်းနဲ့ကိုယ့်ကိုပြန်ချစ်နိုင်တယ်😉🧡