Part 6

692 52 0
                                    

Unicode :

ကိုယ်အိမ်ပြန်ရောက်တော့လုပ်စရာရှိတဲ့အလုပ်ကိုမြန်မြန်အဆုံးသတ်ပြီး ချာတိတ်ဆီphဆက်လိုက်တယ်…

ပထမတစ်ခါခေါ်တော့ချာတိတ်ကphမကိုင်ဘူး အဲ့တာ‌နဲ့နောက်တစ်ခေါက်ဆက်ကြည့်လိုက်တော့မှphကိုင်တယ် ။

"Hello"

"ကိုယ်အခုနကphဆက်ထားသေးတယ် မကိုင်ဘူးရော"

"ဟုတ်တယ် မမ တိမ်လွှာအခုမှရေးချိုးပြီးလို့ phလာတာမသိလိုက်တာ မမဘာပြောမို့လဲဟင်…"

"ဪ ဆေးသောက်ဖို့သတိပေးမို့ဆက်လိုက်တာ"

"ဟုတ် မမမေ တိမ်လွှာခဏနေရင်သောက်လိုက်မယ်ဗျ…"

"အင်း ချာတိတ် အစားတစ်ခုခုစားပြီးမှသောက်နော်"

"ဟုတ် မမ"

"အင်း… စောစော‌နားချာတိတ်"

"ဟုတ် မမလဲစောစောနားပါဗျ"

"Good nightနော်ကလေးလေး…"

"ဟုတ် Good night ပါ မမ အိပ်မက်လှလှမက်ပါ‌စေ ဒါပဲနော် မမ"

"အင်း ချာတိတ်"

(မမမေ pov: ချာတိတ်ကအတက်ကလေးကွာ လူကိုအသည်းယားအောင်သိပ်လုပ်တာပဲ။ဒီညတော့ကိုယ့်ရဲ့အိပ်မက်တွေကလှပနေတော့မှာပဲကွာ။)

မမကလေလူကိုရင်ခုန်အောင်သိပ်လုပ်တာပဲ ဒီလိုသာဆိုရင်သ‌ဘောမကျမိအောင်နေနိုင်မယ်မထင်ဘူး‌။ အခုတော့ထမင်းစားပြီး ဆေးသောက်ရဦးမယ် လူကတကယ်ကိုပင်ပန်းပြီးနုံးနေတာပဲ ဒါပေမဲ့လဲ မမမေနဲ့တစ်‌ေန့သာအချိန်ကုန်ခဲ့ရလို့ပျော်တယ်။

မနက်ရောက်တော့ "မမမေ🧡 " ဆိုတဲ့ contact လေးကနေ "morning ချာတိတ်" ဆိုတဲ့SMSလေးတွေ့တော့ကိုယ့်ရင်ထဲနွေးခနဲပဲ တစ်ချိန်တည်းမှာပဲကိုယ့်ကိုမျှော်လင့်ချက်တွေပေးနေသလိုခံစားရပြန်ရော မဖြစ်နိုင်မှန်းသိနေတော့ရင်ထဲမကောင်းပြန်ရော။‌

"အငယ်မရေ အငယ်မရေ"လို့အော်ခေါ်သံကြားလို့ပြန်ထူးလိုက်တော့

"ဗျာ မားမား"

"ဒီမှာသမီးသူငယ်ချင်းတွေရောက်နေတယ်…"

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now