စိတ်ဝိညာဥ်၏-Part~6

12 2 0
                                    

စိတ်ဝိညာဉ်၏
အပိုင်း-6)

လူနာဆက်တိုက်ကြည့်ပေးရင်း အချိန်ကနေ့လည်2နာရီထိတောင်ရောက်နေချေပြီ အခန်းဘက်ကိုလှမ်းကြည့်တော့ ဆိုဖာပေါ်လေးမှာနောက်ဘက်ကိုအနည်းငယ်မှီရင်းအိပ်ပျော်နေတဲ့နှောင်းကို ဘေးဘက်ကိုခေါင်းပြုတ်ကျလုနည်းနည်းလေးဖြစ်နေတာကိုတွေ့လိုက်ရတာမို့

" ညီမ ဝေယံကဘယ်ချိန်ဆေးခန်းလာထိုင်မှာလဲ အမမှာဧည့်သည်ပါလာတာကြောင့် ပြန်ဖို့နောက်ကျနေပြီ "

" မမ ဒေါက်တာဝေယံကလေ အရင်ဆိုခုချိန်ရောက်နေပြီ ဒီနေ့မှဘာလို့နောက်ကျနေတယ်မသိဖုန်းဆက်တာလဲမကိုင်ဘူး"

"သူဇနီးဖုန်းနံပါတ်ရှိထားတယ်မလား အဲ့ကိုဆက်ကြည့်လေ နောက်ကျတယ်ဆိုတိုင်းမရဘူးလူနာကအရေးကြီးတဲ့သူပါလာရင်ဘယ်လိုလုပ်မလဲ ဘယ်သူမှမရှိဘဲမမလဲမပြန်ချင်ဘူး ရတီကကော၊ရတီကဘယ်ချိန်လာမှာတဲ့လဲ"

"ညနေ 5နာရီမှမမ ၊ဒီနေ့လေ အမှန်တိုင်းပြောရရင် မမမရှိတာနဲ့ပဲအငယ်ဒေါက်တာတွေကအချိန်ကိုစောထွက်ကြတယ် မနက်ကဆိုလဲအသစ်ရောက်တာမကြာသေးတဲ့ ဟိုအကိုလေ"

"ကောင်းသန့်ကိုပြောတာလား ၊"

"ဟုတ်တယ် မမ သူဆိုလဲ 11နာရီမှထွက်ရမှာကို 10နာရီမခွဲခင်ကတည်းကလူနာကြည့်တာရပ်မယ်ဆိုပြီးပြောလာတယ်လေ"

" အဲ့တာမမကြည့်လုပ်လိုက်မယ်လေ ၊ ညီမလေးတို့ကဆရာဝန်တွေနဲ့အလိုက်သင့်သာပေါင်းပေးထား ၊ လိုအပ်တာရှိရင် မမစားပွဲပေါ်မှာစာရေးတင်ထားလိုက် ၊ခရီးတစ်ခုမှာလိုအပ်တဲ့လူကခရီးဆုံးထိပါလိမ့်မယ် ၊ မလိုအပ်တဲ့လူဆိုတာသူ့အလိုလိုဘေးရှောင်သွားလိမ့်မယ်"

"ဟုတ်ကဲ့မမ "

"လူနာကြည့်တာခနလေးရပ်ပေးနော် ပြီးရင်ဝေယံကိုဆက်သွယ်လိုက် နာရီဝက်ကြာရင် ရမရ မမကိုပြောနော်၊ ဆက်သွယ်လို့ရရင်မမဆေးခန်းမှာရောက်နေတယ်ဆိုတာကိုထည့်ပြောမဟုတ်ရင်ကြာနေလိမ့်မယ်"

"ဟုတ်ကဲ့မမ"
လွန်းဆေးခန်းမှာ ယွန်းပွင့်ဖြူနဲ့ သက်ကလျာဆိုတဲ့Nurse နှစ်ယောက်ရှိတယ်အားကိုးရတယ် ကျန်တဲ့ကလေးတွေကနာမည်ပင်သေချာမသိကိုယ်လဲမမေးမိ အကုန်လုံးဆိုရင်တော့ဆေးပေးတဲ့နေရာကော လူနာကြည့်ကူတာကောဆို 8ယောက်ရှိထားသည်ဆေးရုံဖွင့်ရင်ဒီလူတွေကိုအားထားရတော့မှာပေါ့ လိုအပ်တဲ့လူကတော့ထပ်ခေါ်ရအုံးမည်

စိတ်ဝိညာဥ်၏Where stories live. Discover now