စိတ်ဝိညာဥ်၏-Part~3

26 3 0
                                    


အလင်းက ကျောင်းဝတ်စုံနဲ့မဟုတ်ဘဲ ညဝတ်နဲ့ကျပြန်တော့လဲတစ်မျိုးလေးချစ်ဖို့ကောင်းသားလို့စိတ်ထဲမှာ တွေးမိသား ပြီးတော့ သူ့အမဆိုသည့်ဟိုအမျိုးသမီး စိမ်းနေတဲ့သွေးကြောလေးတွေနဲ့ တစ်ဒုတ်ဒုတ်ခုန်နေတဲ့သူ့နှလုံးခုန်သံကို နားကျပ်ကကြားနေရတာ လွန်းစိတ်ထဲမှာဘယ်လိုကြီးခံစားရတယ်မပြောတက် အခန်းတံခါးဖွင့်ဖွင့်ချင်းမအီမသာဆူပုတ်ပုတ်မျက်နှာထားက ရယ်ချင်စရာပါ

" လွန်း ပြုံးစိစိနဲ့ဘာတွေတွေးနေတာလဲ "

"နှောင်းဆိုတဲ့တစ်ယောက်လေ "

"ဘာလို့လဲ နှောင်းဘာဖြစ်လို့လဲ အရမ်းနေမကောင်းနေတာလား "

ကားကိုပါ လမ်းဘေးထိုးရပ်ပြီး သိချင်စိတ်အရမ်းများနေတဲ့ ကိုမိုးဦးပုံစံက နှောင်းနဲ့ပက်သက်ရင်အရမ်းကိုလွန်လွန်ကြူးကြူးပုံစံလို့သိသာလွန်းတယ် ဟိုအိမ်ကတည်းကလည်းအိမ်အောက်ရောက်ရောက်ချင်း နှောင်းအမေထက် ကိုမိုးဦးကအရင် နှောင်းဘယ်လိုနေလဲမေးသေးတယ် အခုလဲကြည့် နှောင်းနာမည်ကြားရုံနဲ့ပြာယာကိုခတ်လို့ရယ်

" အားနည်းရုံလေးပါ၊ ဒါနဲ့ အကိုက နှောင်းကိုစိတ်ဝင်စားနေတာလား "

"ဟင် "

"လွန်း ရိပ်မိတယ် မနက်ကအကြောင်းမရှိအိမ်ရောက်လာပြီးဆေးခန်းလိုက်ပို့မယ်ဆိုကတည်းကနှောင်းနေမကောင်းတာသိလို့ လွန်းကိုခုလို ခေါ်လာတာမလား "

"မဟုတ်ပါဘူး ကိုတကယ်လိုက်ပို့ဖို့ပါ ပြီးတော့ နှောင်းနဲ့ကိုယ်ဆိုတာက ငယ်ငယ်ကတည်းကတူတူကြီးပြင်းလာတာ နှောင်းကကိုယ့်ညီမလေးဆိုလဲဟုတ်တယ် ဘွဲ့ရသည်အထိ တစ်ကျောင်းထဲလေ "

"အဲ့တာလွန်းကြားဖူးပါတယ် ဒါပေမယ့်သူဆိုတာတော့ခုမှသိတာ တိုက်ဆိုင်တယ်နော် မနေ့ကပဲသူနဲ့စုံခဲ့သေးတယ် "

"ဘယ်မှာစုံတာလဲ အရင်ကတည်းကအသိတွေလား "

"သူ့ရှိုးပွဲမှာပါ သီဟခေါ်လို့လိုက်သွားတာမနေ့ကမှသိတာ စိတ်ဝင်စားရင်လဲစိတ်ဝင်စားလို့ရပါတယ် လွန်းတို့ကအပေါ်ယံစေ့စပ်ခြင်းဆိုတာ အကိုကောလွန်းပါ သိထားကြတာပဲလေ "

စိတ်ဝိညာဥ်၏Where stories live. Discover now