၂၂

535 42 0
                                    

လာမဲ့ သောကြာနေ့ဆိုလျင် ဏရီ့မွေးနေ့ သူနှင့်သိကျွမ်းခဲ့ပြီးသည့်နောက် ဏရီနှင့် ပထမဆုံးဖြတ်သန်းရမည့် ဏရီ့မွေးနေ့။ ဖြစ်နိုင်ရင် သူ့မှာရှိသမျှအရာအားလုံးကို လက်ဆောင်အဖြစ်ဏရီကိုပေးလိုက်ချင်ပါသည်။ ဒါကို ဒယ်ဒီကြီးသာကြားသိလိုက်ရင် မွေးရကျိုးနပ်သည်ဟုများတွေးလေမလား။ဖြစ်နိုင်ရင် သူ့မှာရှိသမျှအရာအားလုံးကို လက်ဆောင်အဖြစ်ဏရီကိုပေးလိုက်ချင်ပါသည်။ ဒါကို ဒယ်ဒီကြီးသာကြားသိလိုက်ရင် မွေးရကျိုးနပ်သည်ဟုများတွေးလေမလား။

အရင်ရှေ့ရက်ကထဲက ဏရီ့ကိုမွေးနေ့ရက်ရောက်လျင်ဘာပေးရင်ပိုပြီးကောင်းမလဲဟုစဥ်းစားနေမိတာ ဒီနေ့အထိ။ ဏရီ့ကို သူ၏ဖခင်ကအလုပ်တွေကိုအရင်ကထက်ပိုပြီးလွဲအပ်ထားသဖြင့် လုပ်ပိုင်ခွင့်တော်တော်များများက ဏရီ့လက်ထဲမှာ။ ဏရီ့ဖခင်ဦးဉာဏကျော်ကတော့ သူရှာဖွေပေးတဲ့အချက်အလက်များကိုသုံးကာ နိုင်ငံရေးလောကထဲခြေစုံပစ်ဝင်ခဲ့ပါသည်။ ယခင်ကထဲက နာမည်ကြီးစီးပွားရေးသမားတစ်ယောက်ဖြစ်သည့်အတွက် အစောပိုင်း၌သတင်းဌာနများတွင်အနည်းငယ်မျှလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရသေးသည်။ ထိုသို့ဏရီ့ဖခင်နိုင်ငံရေးလောကထဲဝင်သွားသည်ဖြစ်၍ ဏရီ့အတွက် စီးပွားရေးလုပ်ငန်းတစ်ခုကိုဦးဆောင်ရသည်ကပို၍ခတ်ခဲလာခဲ့သည်။ တစ်ခုခုများအကြောင်းသင့်လိုလွဲမှားတာမျိုးရှိလျှင် သူ၏ဖခင်နာမည်ထိခိုက်မည်ဖြစ်သဖြင့် ပို၍ဂရုစိုက်ရပေသည်။ နောက်ထပ်ငါးနှစ်တာကာလအတွင်း၌ မလွဲမသွေထိန်းသိမ်းနေရမည့်သူတို့မိသားစု၏အခြေအနေပါပင်။

ကြာသပတေးမနတ်စောစောကထဲက ဏရီ့အတွက်သီးသန့်မွေးနေ့ပွဲလုပ်ပေးရန်အလို့ငှာ နိုဝယ်တစ်ယောက်ထဲ ပူဖောင်းများပြုလုပ်ရသည်ကတစ်မျိုး အလှဆင်ရသည်ကတစ်ဖုံဖြင့်အလုပ်ရှုပ်နေရသည်။ လက်တလောက အမြန်သွားတက်ထားရသည့် ကိတ်မုန့်သင်တန်းမှနည်းလမ်းအတိုင်း ဏရီ့အတွက်ကိုယ်တိုင်ကိတ်မုန့်လုပ်ပေးဖြစ်ခဲ့သည်။ တခြားဟင်းအမယ်များကိုတော့ သီးသန့် chief နှင့်ခေါ်ကာ ပြင်ဆင်ခဲ့ပါသည်။ ထိုပြင်ဆင်မှုများကိုဏရီမသိစေရန်အလို့ငှာ ဏရီ့ကိုသူ့ကွန်ဒိုအခန်းမှာပဲခေါ်ထားဖို့စီစဥ်ခဲ့ပါသည်။ မကြာခင်မွေးနေ့ရောက်တော့မည့်မွေးနေ့ရှင်လေးကိုတော့ ကိတ်မုန့်လေးကစောင့်ကြိုနေပါတော့သည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now