၁၉

545 42 0
                                    

လက်တလော ရေပန်းစားနေသည့်သတင်းတစ်ပုဒ်ပြောပါဆိုလျှင် နေရောင်သွေးတို့ဘက်ကထုတ်ပြန်လိုက်သည့်သတင်းများအရ ဏရီတို့ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းမည့်ကိစ္စမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းသွားကြောင်းနှင့် ထိုသို့ရပ်ဆိုင်းမှုအပေါ်နစ်နှာကြေးအနေဖြင့် ဘဏ္ဏာငွေလျော်ကြေးပေးမည်ဖြစ်ကြောင်းသတင်းပင်။ သို့ပေမဲ့ ဏရီနဲ့နေရောင်သွေးတို့၏ စေ့စပ်ပွဲပျက်သွားသာ့်အကြောင်းကိုတော့မီဒီယာများအားမဖြန်စေရန်အလို့ငှာ နေရောင်သွေးတို့ဘက်ကဘယ်လောက်လက်ထိုးထားကြောင်း ထိုသို့သတင်းမပေါ်အောင်လုပ်ထားသည်ကိုကြည့်ခြင်းအားဖြင့်သိနိုင်သည်။ ရုံးဝန်ထမ်းများအနေဖြင့်လဲ ထိုသတင်းအားထုတ်ပြောမိလျင်ထိုက်သင့်သည့်အပြစ်ပေးခံရမည်ဖြစ်၍မည်သူမျှအတင်းအဖျင်းအနေဖြင့်ထုတ်မပြောကျချေ။ ငွေများငွေနိုင်သည့်အခြေအနေပါပဲ။

"နိုဝယ်သိလား နေရောင်သွေးတို့မိသားစုဘက်ကနေ အဲ့လိုစကားပြောလာတော့လေ တို့မှာပျော်နေတာကိုမနည်းဖုံးဖိထားရသေးတာ နောက်ပြီးတော့လေ ဒယ်ဒီကလဲ ဘာစကားတစ်ခွန်းမှထပ်မပြောလာတော့ဘူးသိလား အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တို့ဖြင့်လိုက်လို့တောင်မမှီတော့ပါဘူး ဒါပေမဲ့လဲ ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုတို့လွတ်လပ်သွားတာပဲကျေနပ်လှပြီ ဒယ်ဒီကလဲ တို့ကိုမချုပ်ချယ်တော့ဘူးတဲ့အဲ့နေ့ညကပဲပြောလာတာ မာမီကတော့စိတ်တော့မကောင်းပေမဲ့ တို့သဘောပါတဲ့ တော်သေးတယ် တို့သာ ဏရီ့ကိုအရင်ကတို့စိတ်ကူးထားတဲ့အတိုင်းသာခိုးပြေးလိုက်ရင် ဒီလိုအေးအေးဆေးဆေးဖြစ်နေမယ်မထင်ဘူး"

အရင်က ဏရီ့ကိုစကားနည်းတဲ့လူတစ်ယောက်အဖြစ်သူမြင်ခဲ့ပေမဲ့ အခုဏရီက တကယ်ကိုခလေးပေါက်စနလေးကဲ့သို့စကားအလွန်ပြောနိုင်သည်။ ထို့ပြင်သူ၏အဖြစ်အပျက်များကိုတစ်ခုခြင်းပြန်ပြောပြနေသည်ကစိတ်ပါလက်ပါ။ တန်ပါတယ်လေ ဏရီ့ရဲ့အပြုံးတွေပြန်မြင်လာရဖို့အတွက်သူလုပ်ခဲ့တာကိုကြည့်ရင်။

"အဟင်း ဏရီက ကျွန်မကိုခိုးပြေးမယ်လို့စဥ်းစားဖူးသေးတာပေါ့ ဟုတ်လား"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now