ယွန်းဂျောင်ဟန်ရဲ့ စကားသံအဆုံးမှာ ခန်းမတစ်ခုလုံး အပ်ကျသံကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားတယ်။
အရင်ဆုံး သတိဝင်လာတာက ယွန်းဆူယော့ပဲ။
"ဟန်လေး....ဒါက ဘယ်လိုဖြစ်နေတာလဲ....မင်း ဘာတွေလုပ်နေတာလဲ...."
ယွန်းဆောင်းဆူရဲ့ မျက်နှာကလည်း တိမ်ဖုံးနေတဲ့ လလိုပဲ။
ယွန်းဂျောင်ဟန် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ သူ့ရှေ့က လူတစ်ယောက်ကလွဲပြီးတော့ပေါ့။
ဘာအဖြေမှ ပြန်မပေးသေးတာ ဘာလို့လဲ။ သူ ရင်တွေတုန်နေရပြီ။
"ကိုကို.....ကျွန်တော်...."
ချွဲဆွန်းချောက သူ့နှုတ်ခမ်းတွေကို လက်နဲ့ ဖွဖွလေး လာပိတ်ပြီး.....
"ဘယ်ရီ့ကို ကိုယ်အလိုလိုက်ထားလို့ ဆိုးနေတာထင်တယ်...."
ယွန်းဂျောင်ဟန် စိတ်ဓာတ်ကျသွားသလိုခံစားရတယ်။ သူသာလက်မခံရင် ဘယ်လိုလုပ်ရပါ့မလဲ။
"လက်ထပ်ခွင့်တောင်းတယ် ဆိုတာမျိုးက ကိုယ့်ဘက်က လုပ်သင့်တာမဟုတ်လား...."
ယွန်းဂျောင်ဟန် ကြားရတဲ့စကားကိုတောင် မယုံနိုင်ဘူးဖြစ်သွားတယ်။ ဒါက ဘာသဘောလဲလို့။
"ဒါပေမယ့် ကိုယ့်ဘက်က ဘယ်ရီ့ကိုပေးထားတဲ့ကတိကို ဖျက်မှာမဟုတ်ဘူး"
"ကိုယ်လက်ခံတယ်..."
ယွန်းဂျောင်ဟန် ခုမှပဲ ပြုံးနိုင်တော့တယ်။
ရင်ခွင်ထဲပြေးဝင်သွားရင်း
"ကျေးဇူးပါ...ကိုကို"
ချွဲဆွန်းချောက ခါးကနေပွေ့ထားရင်း ခေါင်းလေးပွတ်ပေးလာတယ်။ ယွန်းဂျောင်ဟန် ဒီအချိန်လေးကို ရပ်ထားချင်တယ်လို့ တွေးနေမိတာ။
ဒါပေမယ့် ယွန်းဆူယော့ကတော့ သူတို့ကို အေးအေးချမ်းချမ်း ဘယ်ပေးနေလိမ့်မလဲ။
"ယွန်းဂျောင်ဟန်....မင်းက ငါတို့သားအဖကို ဂရုမစိုက်တော့တာလား....မင်း ဘာတွေလုပ်နေတာလဲ"
ချွဲဆွန်းချောရဲ့ အေးစက်စက်အကြည့်တစ်ချက်ရောက်လာတော့ ယွန်းဆူယော့ ပြောမယ့်စကားတွေမျိုချလိုက်ရတယ်။
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~