အပိုင်း ဆယ့်တစ်

1.5K 143 6
                                    

ယွန်းဂျောင်ဟန် ချွဲဆွန်းချောရဲ့ ဆွဲခေါ်မှုနောက်ကလိုက်ရင်း ငိုချင်သလို ခံစားလာရတယ်။ အရင်ဘဝက ယွန်းအိမ်တော်ကနှင်ချခံရပြီးနောက်မှာ သူအများကြီးအနိုင်ကျင့်ခံခဲ့ရတာ။ အယ်လ်ဖာရဲ့အုပ်ထိန်းမှုအောက်မှာ မရှိတဲ့ အိုမီဂါတစ်ယောက်အနေနဲ့ အနိုင်ကျင့်ခံရရင်တောင် အသံတစ်ချက်မထွက်နိုင်ခဲ့ဘူး။ ကာကွယ်ပေးခံရတဲ့ ခံစားချက်က တကယ်ပဲကောင်းလိုက်တာ။ သူဘာကိုမှ ထိန်းချုပ်စရာမလိုဘဲ စိတ်ခံစားချက်အတိုင်း နေထိုင်သွားချင်တယ်။ သူ့‌အပေါ်ကောင်းပေးတဲ့ ဒီလူနဲ့အတူတူပေါ့။

ကားပါကင်ကိုရောက်တော့ ချွဲဆွန်းချောက ကားရှေ့ခန်းတံခါးကို ဆွဲဖွင့်ပြီး ယွန်းဂျောင်ဟန်ကို အရင်တက်စေပြီး သူကနောက်တစ်ဖက်ကနေတက်လိုက်တယ်။ ကားဒက်ရှ်ဘုတ်ပေါ်က ဘူးလေးတစ်ဘူးကို ယူပြီးမှ ဂျောင်ဟန်မျက်နှာကို ဖြည်းဖြည်းချင်း ဆွဲမော့ယူလိုက်တယ်။ ထိမိရင် ပဲ့ကျသွားနိုင်တဲ့ တန်ဖိုးကြီးရတနာတစ်ခုလိုပဲ။

"ဟင်....ကောင်လေး အရမ်းနာနေလို့လား...ဘာဖြစ်လို့ငိုရတာလဲ...ဆေးထည့်ပေးပြီးရင် ကောင်းသွားမှာ မငိုနဲ့နော်..."

မငိုနဲ့ ပြောမှ ပိုငိုချင်တာလေ။ မသိဘူး ငိုမှာ။

.........

Dominant Alpha အဖြစ်နေလာတဲ့ ၂၆နှစ်မှာ ချွဲဆွန်းချော တစ်ခါမှ မချော့ဖူးပါဘူး။

"မငိုနဲ့လေ...ကိုယ် ကလေးမချော့တတ်ဘူး...ဒီလိုလုပ် မငိုတော့ရင် ဟော့ပေါ့လိုက်ကျွေးမယ်.."

"အင့်....တကယ်လား"

"တကယ် ဆေးထည့်ပြီးတာနဲ့ သွားမှာ အတည်..."

"အာ့ဆို ပြီးရော...အရမ်းစားချင်နေလို့မဟုတ်ဘူးရယ်...မချော့တတ်ဘူးဆိုတော့ အားနာလို့.."

ချွဲဆွန်းချော ခပ်ဖွဖွလေး ပြုံးမိပြန်ပါပြီ။ တကယ်ပဲ ချစ်စရာကောင်းအောင်လို့။

"လာ....ကိုယ့်နား..."

ဂျောင်ဟန် အနားတိုးသွားလိုက်ရင်း ဝမ်းနည်းစိတ်တွေပျောက်ပြီး ရင်ခုန်လာပြန်ပြီ။ အရင်တုန်းက ရင်ခွင်ထဲထိဝင်ဖူးတယ်ဆိုပေမယ့် ဖယ်ရိုမုန်းကြောင့် အသိစိတ်လွတ်နေတာလေ။ ခုက တအား.....။

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now