အပိုင်း နှစ်

1.9K 164 0
                                    

ယွန်းအိမ်တော်၌.....

"မျိုးရိုးဗီဇစစ်ဆေးမှုက တစ်ပတ်လောက်နေမှ အဖြေသိရမှာ...သားလည်း ပင်ပန်းလာမှာပဲ နားလိုက်အုံးနော်...အတော်ပဲ နောက်တစ်ပတ်ဆို ကျောင်းလည်းဖွင့်ပြီ...။"

ဦးလေးဖြစ်သူ ယွန်းဆောင်းဆူရဲ့ အသံကိုကြားမှ ယွန်းဂျောင်ဟန် သတိရသွားတယ်။

ဟုတ်သား....။ သူတက်ချင်လွန်းလို့ ကြိုးစားခဲ့ရတဲ့ Aမြို့တော်ရဲ့ အကောင်းဆုံးတက္ကသိုလ်ဖြစ်တဲ့ Aတက္ကသိုလ်ရဲ့ ဝင်ခွင့်ကျလာပြီး သူ Business management majorကို ရွေးခဲ့တာ။ အရင်ဘဝတုန်းက သူAlpha မဖြစ်ခဲ့လို့ စိတ်ဓာတ်ကျပြီး စာမှာလည်း အာရုံမစိုက်နိုင်ခဲ့လို့ ကျောင်းတောင် ပြီးဆုံးအောင်မတက်နိုင်ခဲ့ဘူး။ နောက်တော့ ဟိုအယ်လ်ဖာကောင်ရဲ့ အချစ်နွံထဲရောက်သွားပြီး ရူးရူးမိုက်မိုက်တွေ လျှောက်လုပ်ခဲ့တာ။ ဒီဘဝမှာတော့ ပြောင်းလဲရမယ်။

ယွန်းဆောင်းဆူ စိတ်လွင့်နေပုံရတဲ့ တူဖြစ်သူကိုကြည့်ရင်း "ဂျောင်ဟန် အဆင်ပြေရဲ့လား..။"

ယွန်းဂျောင်ဟန် သတိပြန်ဝင်လာရင်း...

"အာ...ဟုတ်ကဲ့ ဦးလေး...ကျွန်တော်နားလည်ပါပြီ...ဒါဆို အပေါ်မှာ သွားနားလိုက်အုံးမယ်နော်....။"

ယွန်းဆောင်းဆူကို ထားခဲ့ပြီး ဒုတိယထပ်မှာရှိတဲ့ အိပ်ခန်းဆီ တက်လာခဲ့တယ်။ ဆယ်နှစ်ကြာသွားပြီဆိုပေမယ့် သူ့မှတ်ဉာဏ်တွေထဲမှာ ဘယ်နေရာဘာရှိတယ်ဆိုတာ မှတ်မိနေတုန်းပဲ။ အခန်းတံခါးဝရှေ့ ခြေစုံရပ်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှူရင်း တံခါးကို ဆွဲဖွင့်လိုက်တယ်။

ဆယ်ကျော်သက်အရွယ် ကောင်လေးရဲ့ အခန်းဆိုပေမယ့် သူ့အခန်းကတော့ တည်ငြိမ်တဲ့ အရွယ်ရောက်အမျိုးသားတစ်ယောက်ရဲ့အခန်းနဲ့ပိုတူတယ်။ သူ မှတ်မိတဲ့ငယ်ငယ်က မှတ်ဉာဏ်တွေထဲမှာ သူ့ပါးပါးက အကောင်းဆုံးအမျိုးသားပဲ။ သူအမြဲတမ်း ပါးပါးလို တည်ငြိမ်ရင့်ကျက်တဲ့အရှိန်အဝါတွေနဲ့ သန်မာတဲ့အယ်လ်ဖာ၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ခဲ့တာ။

ပါးပါးနဲ့ မားမား မတော်တဆမှုနဲ့ ဆုံးပါးသွားပြီးနောက်မှာ သူ့ကိုယ်သူ ဆုံးဖြတ်ချက်ချထားခဲ့တယ်။ သူသေချာပေါက် ပါးပါးလိုမျိုး ဖြစ်ရမယ်။ သူ့မှာ ပါးပါးရဲ့သွေးတွေစီးဆင်းနေတာ မဖြစ်နိုင်စရာ ဘာအကြောင်းရှိလဲဆိုပြီးတော့ ယုံကြည်ချက်ပြင်းထန်နေတုန်းမှာပဲ သူဟာ အိုမီဂါတစ်ယောက်ဖြစ်မှန်းသိလိုက်ရပြီး စိတ်တွေ စုစည်းမရနိုင်အောင် ဖြစ်သွားတာ။ အခုတော့ သူပြန်လာပြီမို့ ပါးပါးလိုမျိုး အောင်မြင်တဲ့စီးပွားရေးတစ်ယောက် မဖြစ်လာရင်တောင်မှ ပါးပါးရဲ့ သွေးချွေးတွေနဲ့ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ သူ့ပိုင်ဆိုင်မှုတွေကို ဟိုသားအဖလက်ထဲ အပါခံမှာမဟုတ်တော့ဘူး။

လောလောဆယ် သူ့အသက်က အရမ်းငယ်သေးပြီး ဘာမှပြင်ဆင်ထားတာ မရှိသေးဘူး။ အသက် ၁၈နှစ်ကျမှ အမွေတွေကို သူတရားဝင်ဆက်ခံခွင့်ရမှာ။ ဒီနှစ်နည်းနည်းလောက်တော့ ထပ်သည်းခံပြီး အစီအစဉ်တွေ ဆွဲရမယ်။ ယွန်းဆောင်းဆူဖြစ်ဖြစ်၊ ယွန်းဆူယော့ဖြစ်ဖြစ် ခဏလောက်တော့ ထပ်ပြီး အသက်ရှင်ခွင့် ပေးလိုက်အုံးမယ်။

ယွန်းအိမ်တော် တတိယထပ် ယွန်းဆောင်းဆူအခန်းထဲ၌

"အဖေ...သူတကယ်ပဲ အယ်လ်ဖာဖြစ်နေရင် ဘယ်လိုလုပ်မလဲ အယ်လ်ဖာသာဆိုရင် ကျွန်တော်တို့ထိန်းချုပ်ရခက်ခဲသွားမှာ အခုကတည်းက ကြိုတင်ပြင်ဆင်ထားရင်ကောင်းမလား..."

ယွန်းဆောင်းဆူ ပူပန်နေတဲ့ သားဖြစ်သူကိုကြည့်ရင်း လက်ထဲက သောက်လက်စဆေးလိပ်ကို ဆေးလိပ်ပြာခွက်ထဲ ထိုးချေလိုက်တယ်။

ယွန်းဆောင်းဆူက "ပူစရာမလိုဘူး...ယွန်းဂျောင်ဟန်က သူ့ကိုယ်သူသန်မာတယ်ထင်နေတာ သူ့မှာ အယ်လ်ဖာတွေရဲ့ ခက်ထန်တဲ့နှလုံးသားမျိုးမရှိဘူး...သူက သူ့အမေလိုမျိုး ပုံသွင်းရလွယ်တဲ့ ပျော့ညံ့ညံ့အိုမီဂါပဲ ဖြစ်လာမှာ...အဲ့နောက်ပိုင်းမှာ သူ့ကိုစည်းရုံးနိုင်ဖို့က မင်းကိစ္စပဲ...သွားတော့ "

ယွန်းဆူယော့က "သိပါပြီ အဖေ...စိတ်ချပါ"

အခန်းထဲက ပြန်ထွက်လာပြီးတဲ့နောက်မှာ ယွန်းဆူယော့ကိုယ်ပေါ်က နှိမ့်ချတဲ့ အရိပ်အယောင်တွေ ပျောက်ကွယ်သွားတယ်။
မဲ့ပြုံးတစ်ချက်ကို ပြုံးရင်း အဲ့ဒီနေရာကနေ ထွက်ခွာလာခဲ့တယ်။


Note : အိုင်တို့ Dominant Alpha Choiကို နောက်အပိုင်းကျ မြင်ရတော့မှာပါ ဟဲဟဲ

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now