"ဘယ်လို ဘယ်တော့ယူမှာလဲ"
"နောက်လတစ်ရက်နေ့ပါ ဒေါ်လေးယောက္ခမ"
"ခင်ဗျားဘယ်လိုဖြစ်နေတာလဲ ကျွန်တော်နောက်လလို့ပဲပြောသေးတာလေ"
"အေးလေ နောက်လပဲလေအချစ်ရဲ့"
"သေလိုက်ပါလား ခင်ဗျားအဲ့လောက်လင်လိုချင်နေတာလား တကယ်ပဲ"
မျက်စောင်းထိုးလို့ရန်တွေ့နေတဲ့ကလေးဆိုးလေးကိုနွေခတ်ငြိမ်းကြည့်လို့
"သစ်လေးရယ် မင်္ဂလာကိစ္စဆိုတာမြန်လေကောင်းလေပဲလေသားရဲ့"
"သားတို့တွဲလာတာပဲကြာနေပြီ ယူကြတော့လေ"
"ဒေါ်လေးပဲပြောပါတော့ဗျာ သူကအခုမှအရွယ်ရောက်ပေမယ့် ကျွန်တော်ကအရွယ်လွန်တော့မှာလေ"
"ဟုတ်သားပဲသားတို့ဘယ်နှနှစ်ကွာတာလဲ"
"ကိုးနှစ်"
မှော်ဝင်တေးမဖြေချင်ဖြေချင်နဲ့ပြောလာသည်။
"တကယ် သားကအသက်ဘယ်လောက်လဲ"
"29ပါဒေါ်လေး"
"နွားအိုမြက်နုကြိုက်ကြီးလေ"
"ကျွန်တော်ကကျားပေါက်လေးတွေနဲ့အတူတူလုပ်ချင်တာ။ သွန်းလေးကိုပန်းကျဲခိုင်းပြီး ဟိန်းမဟာလေးကိုကျလက်စွပ်လေးယူခိုင်းစေချင်တာ"
"အဲ့တာဆို ကိုယ်တို့မင်္ဂလာသက်တမ်းလေးနှစ်ပြည့်ကျရင်ထပ်ဆောင်ကြမယ်လေ"
မယူချင်ရှာဘူးဒီလူကြီးတော့
"ကိုကိုဒုက္ခပဲ ကျွန်တော့်သွန်းလေးဝမ်းသွားလိုက်ပြီ"
"သွားလုပ်ပေးလိုက်အုံးမယ်ဗျာ"
"ခင်ဗျားလည်းလိုက်သွားလေ"
"ကိုယ်ကဘာလို့"
"ဟာ သွားကူပေးလိုက်လေ နားလည်မှုမရှိဘူးလား"
"အင်းပါကွာ ငါလည်းမယူခင်တည်းကကြောက်နေရတယ်"
မျက်စောင်းခဲနေသောအဂျစ်လေးကြောင့် ကလေးချီလို့သွားသူနောက် လိုက်လို့သွားရသည်။
"ဒေါ်လေး သစ်ကိုကလေးပေး အေးဆေးစကားပြောကြနော်"
လက်ထဲမှဟိန်းမဟာမာန်လေးကိုပြောင်းချီလို့ တစ်နေရာတွင်သွားလို့ထိန်းနေလိုက်သည်။ အခုတော့ဧည့်ခန်းတွင် အန်တီနွေနဲ့နှစ်ယောက်တည်းကျန်လို့နေခဲ့သည်။