"ဒီလိုဗျာ ခင်ဗျားသူငယ်ချင်းသတိရလာတော့ သူ့နားမှာကျွန်တော်တစ်ယောက်ထဲရှိနေတုန်းအချိန်"
Flash back
"လှိုင်း လှိုင်း မသွားနဲ့"
"ခင်ဗျားသတိရလာပြီလား ခဏလေးကျွန်တော်ဆရာဝန်ခေါ်ပေးမယ်"
"မသွားနဲ့ မသွားပါနဲ့"
ဆေးသွင်းထာတဲ့လက်နဲ့ လှမ်းဆွဲကိုင်လာတာကြောင့် အတင်းလည်းမရုန်းချင်တာမို့ ယောင်နေသူအားနှိုးဖို့လုပ်လိုက်တယ်။
"Hello"
"လှိုင်း မသွားနဲ့ လှိုင်း"
"Hello Mr-Patient Hello"
"သတိရပြီလား ကြည့်ပါအုံးဗျဖွင့်ပြီးတော့"
နောက်တော့တဖြည်းဖြည်းပွင့်လာသော မျက်လုံးတို့ရှေ့မြင်အောင်ရပ်လိုက်ပြီး
"မင်း မင်းဘယ်သူလဲ"
"လူလေဗျာ"
"ငါဘယ်ရောက်နေတာလဲ"
"ဆေးရုံလေ"
"ငါဘာဖြစ်နေတာလဲ"
"လူနာ"
"လူနာ"
"အင်း လူနာဖြစ်နေတာလေ"
"သိလား ခင်ဗျားလေသွေးတွေအများကြီးရဲနေအောင်ထွက်နေပြီးတော့ရောက်လာတာ"
"တော်သေးတယ် ဆရာဝန်တွေအမြန်ကယ်လို့ မဟုတ်ရင်သေနေလောက်ပြီ"
"အဲ့တော့ငါကဒဏ်ရာဖြစ်ပြီး ဆေးရုံကိုရောက်လာတာပေါ့"
"အင်း"
"မင်းကသူနာပြုလား"
"Bingo"
အခြေနေကိုနားလည်သွားသည့်သူမှာ မျက်လုံးတို့တည်ငြိမ်သွားပြီး စိတ်ကိုလျှော့ချလိုက်တော့သည်။
"မင်းက သူနာပြုအပြင်မိန်းကလေးတစ်ယောက်ဖြစ်ပြီး လူနာကိုကြောက်ဖို့ကောင်းတဲ့စကားတွေ ဘာလို့ပြောနေတာလဲ"
"မိန်းကလေး ဘာမိန်းကလေးလဲဗျ။ အထီးဗျ အထီးကြီး မျက်လုံးကသေချာမပွင့်သေးဘူးလား"
"မင်းက"
"အင်း"
"ဒီအရပ် ဒီမျက်နှာ ဒီအသားရေနဲ့ ဟုတ်လို့လား။ လူတွေကိုလှည့်စားနေတာလား"